
တိုက်စစ်မှူး ဒယ်နီရယ် စတာရစ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ရာသီကုန်မှာ ဆုံးဖြတ် သွားမယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောကြား လိုက်ပါတယ်။
အသက် ၂၇ နှစ်ရှိ အင်္ဂလန် တိုက်စစ်မှူး စတာရစ်ဟာ ဒီနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲ ၅ ပွဲမှာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး အရန်ကစား သမားအဖြစ် ကစားနေရတာ ဖြစ်ပါတယ်။
ဒီနှစ်ရာသီအကုန်မှာ စတာရစ်ရဲ့ အနာဂတ်တင်မဟုတ်ဘဲ အခြားကစားသမားတွေရဲ့ အနာဂတ်ကိုလည်း ဆုံးဖြတ်သွားဖို့ရှိပြီး ဘာတွေဖြစ်လာမလဲဆိုတာ ဘာမှမပြော နိုင်သေး ဘူးလို့ ဂျာဂန်ကလော့က ဆိုပါတယ်။
လီဗာပူးအသင်းမှာ ကွင်းလယ်ကစာသးမား လူးကပ်စ်လီဗာက ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်ခံလူ မိုရီနိုနဲ့ ကွင်းလယ်လူ အမ်မရီချန်တို့ရဲ့ စာချုပ်သက်တမ်းကလည်း နောက်ဆုံး ၁၈ လအတွင်း ရောက်ရှိနေတာဖြစ်လို့ ရာသီအကုန်မှာ စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။
REUTERS
From : ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/192379

No comments:
Post a Comment