
မန်ယူ ကွင်းလယ်လူ အက်ရှ် လေယန်းရဲ့ အနာဂတ်ဟာ အသင်းမှာ ဆက်ရှိဖို့ မသေ ချာတဲ့ အနေ အထားမှာ ရှိနေ ပါတယ်။
အက်ရှ် လေယန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တုန်းက တရုတ် စူပါလိဂ် ကလပ်တခုက ကမ်းလှမ်း ခဲ့ပေမယ့် ပယ်ချ ခဲ့ပါတယ်။
အနာဂတ်နဲ့ ပတ်သက်လို့ မရေရာ ပေမယ့်လည်း အက်ရှ် လေယန်းက ချဲလ်ဆီးကို အနိုင်ရတဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရခဲ့ ပါတယ်။
အဲဒီ ပွဲစဉ်ဟာ အသက် ၃၁ နှစ် အရွယ် ယန်းအတွက် ပရီးမီးယားလိဂ်မှာ ၆ ပွဲမြောက် ကစားခွင့် ရတာ ဖြစ်ပါတယ်။
သူ့လက်ရှိ စာချုပ် သက်တမ်းဟာ ၁ နှစ် ကျန်ရှိနေပြီး ကစားသမား ကိုယ်တိုင် ကတော့ အသင်းမှာ ဆက်ကစား ချင်ပေမယ့် ဘာမှ မသေချာဘူးလို့ ပြောပါတယ်။
အက်ရှ်လေယန်းဟာ မန်ယူကို ၂၀၁၁ မှာ ရောက်လာပြီး အသင်း အတွက် ပွဲပေါင်း ၁၁၈ ပွဲ ကစားထားခဲ့ကာ ၁၁ ဂိုး သွင်းယူပေး ထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/201937





No comments:
Post a Comment