
မနေ့ညက ယှဉ်ပြိုင် ကစားခဲ့ ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးစ် အသင်းက ဘုန်းမောက် အသင်းကို ၄ ဂိုးပြတ် အနိုင်ရရှိ သွားပါတယ်။
စပါးစ် အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်တိုက် ခြေစွမ်းပြ aနပြီး ဇယား ထိပ်ဆုံးက ချဲလ်ဆီး အသင်းကိုလည်း ဖိအားပေး aနတာ ဖြစ်ပါတယ်။
စပါးစ်အသင်းဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသားစီးနဲ့ တဖက်သတ် ကစားသွားခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ ဒမ်ဘယ်လီ၊ ဟန်မင်စွန်၊ ကိန်းနဲ့ ဂျန်စ်ဆန်တို့က ၁၆၊ ၁၉၊ ၄၈နဲ့ မိနစ် ၉၀ တို့မှာ အသီးသီး သွင်းယူခဲ့ကြတာဖြစ်ပါတယ်။
စပါးစ်အသင်းဟာ ဒီပွဲအနိုင်ကြောင့် ၃၂ ပွဲကစား ရမှတ် ၇၁ မှတ်နဲ့ ဇယားထိပ်မှာရှိတဲ့ ချဲလ်ဆီးနဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ ဘုန်းမောက်အသင်းကတော့ ၃၃ ပွဲကစား ရမှတ် ၃၅ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/201425

No comments:
Post a Comment