
မေ ၂၁၊ အင်္ဂလန် ။ ။ မန်စီးတီး နည်းပြ ဂွါဒီ ယိုလာသည် လက်စတာ ဂိုးသမား ကက်စပါရှ မိုက်ကယ်ကို ခေါ်ယူရန် အလို ရှိနေ သည်ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြ ခဲ့သည်။
ပြီးခဲ့သည့် နှစ်က လက်စတာ အသင်းနှင့် အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ရယူနိုင် ခဲ့ပြီး ယခု အချိန် အထိ လက်စွမ်းပြ ကစားနေသည့် ရှမိုက်ကယ်၏ စွမ်းဆောင်ရည်ကို ဂွါဒီယိုလာက သဘော ကျလျက် ရှိသည်။
မန်စီးတီးအသင်းတွင် ပထမဦးစားပေးဂိုးသမား ဘရာဗိုမှာ ဒဏ်ရာများဖြင့်ရုန်းကန်နေရပြီး ပုံမှန်လက်စွမ်းပျောက်ဆုံးလျက်ရှိသလို ဒုတိယဂိုးသမား ကာဘယ်လီရိုမှာလည်း ယခုနှစ်အကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။
ဂွါဒီယိုလာသည် တိုရီနိုသို့ အငှားချထားသော ဂိုးသမားဂျိုးဟတ်ကိုလည်း ကြိုက်နှစ်သက်ခြင်းမရှိသောကြောင့် ရှမိုက်ကယ်မှာ မန်စီးတီးအသင်းသို့ ပြန်ရောက်လာဖွယ်ရှိနေသည်။
ရှမိုက်ကယ်သည် လက်စတာအသင်းသို့မရောက်ခင်က မန်စီးတီးအသင်းတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ၁၀ ပွဲ ပွဲထွက်ကစားခွင့်ရခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်
From : မဇ္ဈိမ မီဒီယာ by အောင်ငြိမ်းသွေး
Originally published at - http://www.mizzimaburmese.com/article/27166

No comments:
Post a Comment