Thursday, May 18, 2017
စိန့်အက်တီယန်ကို ၂ ဂိုး ဂိုးမရှိဖြင့် နိုင်ပြီး မိုနာကို ပြင်သစ် အမှတ်ပေး ချန်ပီယံဖြစ်
ပြင်သစ် လီဂူး ၁ ပြိုင်ပွဲ အဖြစ် မိုနာကိုနဲ့ စိန့် အက်တီယန်တို့ မေလ ၁၇ ရက်က ယှဉ်ပြိုင်ရာ မိုနာကိုက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင် ရပြီး ပွဲစဉ် မကုန်မှီ မှာပဲ အမှတ်ပေး ချန်ပီယံဘွဲ့ ဆွတ်ခူးနိုင် ခဲ့ပါတယ်။
ဒါဟာ မိုနာကို အသင်း အတွက် ၁၇ နှစ် အတွင်း ပထမဆုံး အကြိမ် အမှတ်ပေး ချန်ပီယံ ဖလား ပြန်လည် ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။
အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ မိုနာကိုက ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အသာစီးရခဲ့ပါတယ်။
မိုနာကိုအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၉ မိနစ်မှာ လူငယ်တိုက်စစ်မှူး အမ်ဘတ်ပီနဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ လူစားဝင်ကစားသမား ဂျာမိန်းတို့က သွင်းယူပေးခဲ့ပါတယ်။
မိုနာကိုဟာ ရာသီအပိတ် နောက်ဆုံးပွဲစဉ်တပွဲကစားဖို့ ကျန်နေတဲ့အချိန်မှာပဲ ရမှတ် ၉၂ မှတ်နဲ့ ဒုတိယနေရာက ပီအက်စ်ဂျီကို ၆ မှတ်ဖြတ်ပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။
စိန့်အက်တီယန်ကတော့ ရမှတ် ၅၀ နဲ့ အမှတ်ပေးဇယား အဆင့် ၈ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/207144
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment