မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 15, 2017

ဝက်စ်ဟမ်း ၀ – ၄ လီဗာပူး၊ ခရစ္စတယ်ပဲလေ့စ် ၄ – ၀ ဟားလ်စီးတီး (ရုပ်သံဟိုက်လိုက်)




မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယား ပွဲစဉ်မှာ လီဗာပူးက ဝက်စ်ဟမ်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

ဝက်စ်ဟမ်း အိမ်ကွင်းမှာ ယှဉ်ပြိုင် ရပေမယ့်လည်း ဒီပွဲမှာ လီဗာပူးတို့ အသာစီး ရခဲ့ပြီး ကွင်းလယ် တိုက်စစ် ကစားသမား ကော်တင်ဟိုရဲ့ ခြေစွမ်းပြမှုနဲ့ အတူ အခုလို ဂိုးပြတ်အနိုင်ရခဲ့တာပါ။



လီဗာပူးဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အပြတ် အသာစီးရခဲ့ပါတယ်။

လီဗာပူးအတွက် ဂိုးတွေကို ၃၅ မိနစ်မှာ တိုက်စစ်မှူး စတာရစ်ခ်ျ၊ ၅၇ မိနစ်နဲ့ ၆၁ မိနစ်တွေမှာ ကော်တင်ဟိုနဲ့ ၇၆ မိနစ်မှာ အိုရီဂီတို့က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးအတွက် ခြေစွမ်းပြပြီး ၂ ဂိုးသွင်းပေးခဲ့တဲ့ ကော်တင်ဟိုကို ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီပွဲယှဉ်ပြိုင်အပြီးမှာ လီဗာပူးက ရမှတ် ၇၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေပြီး ဝက်စ်ဟမ်းကတော့ ၄၂ မှတ်နဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်။



မနေ့ညကပဲ ယှဉ်ပြိုင် သွားတဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ ဟားလ် စီးတီးတို့ ပွဲစဉ်မှာတော့ အိမ်ရှင် ခရစ္စတယ် ပဲလေ့စ်က ခြေစွမ်းပြပြီး ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

ဒီပွဲ ရှုံးနိမ့်ခဲ့တဲ့အတွက် ဟားလ်စီးတီးဟာ လာမယ့်ရာသီ ချန်ပီယံရှစ်ကို တန်းဆင်းသွားရပြီ ဖြစ်ပါတယ်။

တန်းဆင်းဇုန်က လွတ်မြောက်ရေး တိုက်ပွဲအတွက် ဟားလ်စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ကြိုးစားခဲ့ပေမယ့်လည်း လိုအပ်တဲ့ အနိုင်ဂိုးတွေကိုတော့ ရယူနိုင်ခြင်း မရှိဘဲ အရှုံးပေးခဲ့ရတာပါ။

ပဲလေ့စ်အတွက် အနိုင်ဂိုးတွေကို ပွဲအစ ၃ မိနစ်မှာပဲ တိုက်စစ်မှူး ဇာဟာ၊ ၃၄ မိနစ်မှာ ဘန်တီကီ၊ ၈၅ မိနစ်မှာ ပယ်နယ်တီမှတဆင့် မီလီဗိုဂျီဗစ်ခ်ျနဲ့ ပွဲပြီးခါနီးမှာ ဗန် အန်းဟော့လ်တ်တို့က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲအပြီးမှာတော့ ခရစ္စတယ်ပဲလေ့စ်က ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၁၃ ကို တက်လှမ်းသွားပြီး ဟားလ်စီးတီးကတော့ ရမှတ် ၃၄ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရှိနေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/206546

No comments:

Post a Comment