
ဖီယင်နု အသင်းဟာ နယ်သာလန် အမှတ်ပေး ချန်ပီယံ ဆုကို ၁၉၉၉ ခုနှစ် aနာက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ပြန်လည် ရယူနိုင် ခဲ့ပါတယ်။
မေလ ၁၄ ရက်က ကစား ခဲ့တဲ့ နယ်သာလန် အမှတ်ပေး ပြိုင်ပွဲရဲ့ နောက်ဆုံး ပွဲစဉ်မှာ ဖီယင်နု အသင်းဟာ ဟီရေကယ်လ် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ ပြီးနောက် ဒုတိယ aနရာမှ အေဂျက်စ် အသင်းကို ၁ မှတ် အသာနဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ဖီယင်နု အသင်းမှ နယ်သာလန် ဝါရင့် တိုက်စစ်မှူး ကူရစ်က ဟက်ထရစ် သွင်းယူခဲ့ပြီး ဖီယင်နု အသင်းအတွက် သူ့ရဲ့ သွင်းဂိုးပေါင်း ၁၀၂ ဂိုး အထိ ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။
ဖီယင်နုအသင်းဟာ နယ်သာလန် အမှတ်ပေးချန်ပီယံဆုကို ၁၅ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး သမိုင်းတလျှောက် အကြိမ်အများဆုံး ဗိုလ်စွဲထားတဲ့ အသင်း ကတော့ အေဂျက်စ်ဖြစ်ပြီး ချန်ပီယံဆု ၃၃ ကြိမ် ရယူ ထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/206571

No comments:
Post a Comment