မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 15, 2017

ဥရောပ ကလပ်အသင်း အဆင့် သတ်မှတ်ချက်တွင် ဂျူဗင်တပ်စ် ထိပ်ဆုံးမှ ဦးဆောင်




ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီး အက်ဖ်အေ) ရဲ့ ၂၀၁၆ - ၁၇ ဘောလုံး ရာသီ အတွက် ဥရောပ ကလပ် အသင်း အဆင့် သတ်မှတ်ချက်မှာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းက ထိပ်ဆုံးမှ ဦးဆောင် နေပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ယူအီးအက်ဖ်အေမှ သတ်မှတ်တဲ့ ရမှတ်စုစုပေါင်း ၃၅၈၅၀ မှတ် ရရှိခဲ့ကာ ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်အသင်းနဲ့ ဆုံတွေ့မယ့် ရီးရဲလ်အသင်းက ရမှတ် ၃၄၉၄၂ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ဒါပေမယ့် ယူအီးအက်ဖ်အေရဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာ စွမ်းဆောင်ရည်များအပေါ် မူတည်ပြီး ကလပ်အသင်း အဆင့်သတ်မှတ်ချက်မှာတော့ ရီးရဲလ်အသင်းက ရမှတ် ၁၇၄၉၁၄ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ဂျူဗင်တပ်စ်အသင်းက ရမှတ် ၁၄၀၆၆၆ မှတ်နဲ့ အဆင့် ၅ နေရာမှာသာ ရှိနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ယူအီးအက်ဖ်အေရဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီ ကလပ်အသင်း အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၁၅ သင်းနဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာ စွမ်းဆောင်ရည်တွေအပေါ် မူတည်ပြီး ကလပ်အသင်း အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၁၅ သင်းမှာ တသင်းတည်းပါဝင်တဲ့ စီးရီးအေအသင်းလည်း ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/206596

No comments:

Post a Comment