မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, May 18, 2017

ကွင်းလယ် ကစားသမား ဘာကလေ အတွက် အဲဗာတန် ပေါင်းသန်း ၅၀ ရလို



LIVERPOOL, ENGLAND - SEPTEMBER 20: Ross Barkley of Everton applauds the Everton fans during the EFL Cup match between Everton and Norwich City at Goodison Park on September 20, 2016 in Liverpool, England. (Photo by Robbie Jay Barratt - AMA/Getty Images)

အဲဗာတန် ကွင်းလယ် ကစား သမား ဘာကလေကို ခေါ်ယူ လိုတဲ့ အသင်းတွေ ဆီကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ရဖို့ အဲဗာတန် အသင်းက အလို ရှိနေ ပါတယ်။

အင်္ဂလန် ကစားသမား ဘာကလေဟာ အဲဗာတန် အသင်းနဲ့ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သစ် ကိစ္စဆွေးနွေး မှုမှာလည်း အဆင် မပြေ ဖြစ်နေ တာပါ။

စာချုပ် ၁ နှစ်သာ ကျန်ရှိတော့တဲ့ အတွက် စာချုပ် ကိစ္စ အဆင် မပြေဘူး ဆိုရင် လာမယ့်နွေရာသီမှာ ရောင်းချ သွားဖို့ အဲဗာတန် အသင်းက စီစဉ်ထား တာပါ။

ဘာကလေကို လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူလိုနေတယ်လို့ သတင်းထွက်နေပါတယ်။

အဲဗာတန်အသင်းအနေနဲ့ ဘာကလေကို ရောင်းချဖြစ်မယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် ဆွမ်ဆီးက ဆီဂတ်ဆန်၊ အေဂျက်ဇ်အသင်းခေါင်းဆောင် ကလက်ဆန်တို့ ကို ခေါ်ယူဖို့စီစဉ်ထားပြီး အာဆင်နယ်ကွင်းလယ်ကစားသမာ နှစ်ဦးဖြစ်တဲ့ ချိန်ဘာလိန်နဲ့သီအိုဝဲလ်ကော့ တို့ကိုလည်း စိတ်ဝင်စားနေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207169

No comments:

Post a Comment