Thursday, May 18, 2017
ဆယ်လ်တာဗီဂိုကို ဂိုးပြတ်နိုင်ပြီး ရီးရဲလ် အမှတ်ပေး ဇယားထိပ်ရောက်
စပိန် လာလီဂါ လက်ကျန် ပွဲစဉ် အဖြစ် ဆယ်လ်တာ ဗီဂိုနဲ့ ရီးရဲလ် မက်ဒရစ်တို့ မေလ ၁၇ ရက်က ယှဉ်ပြိုင်ရာ ရီးရဲလ်က တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ သွင်းဂိုးနှစ်ဂိုး အပါ အဝင် ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး အမှတ်ပေး ဇယားကို ပြန်လည် ဦးဆောင်နိုင် ခဲ့ပါတယ်။
ဘောလုံးရာသီ ပြီးဆုံးဖို့ နီးလာတာနဲ့အမျှ အမှတ်ပေးချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲမှာ အနိုင်ရဖို့ ရီးရဲလ်ဟာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက် ခဲ့တာပါ။
ရီးရဲလ်အတွက် အဖွင့်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာပဲ တိုက်စစ်မှူး ရော်နယ်ဒိုက ဆယ်လ်တာဗီဂို ဂိုးဧရိယာအစပ်ကနေ လှလှပပကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။
ဆယ်လ်တာဗီဂိုဟာ အိမ်ကွင်းမှာယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက်ကန်သွင်းခွင့်တွေ အသာရခဲ့ပေမယ့် ရီးရဲလ်နောက်တန်းနဲ့ ဂိုးသမား အကောင်းဆုံး ကာကွယ်ဖျက်ထုတ်မှုတွေ လုပ်နိုင်ခဲ့တဲ့အတွက် လိုအပ်တဲ့ အနိုင်ဂိုးတွေ မရခဲ့တာပါ။
ဒီ့နောက် ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၄၈ မိနစ်မှာ ရော်နယ်ဒို၊ မိနစ် ၇၀ မှာ ဘန်ဇီမာနဲ့ ၈၈ မိနစ်မှာ တိုနီခရူးစ်တို့က သွင်းယူပေးခဲ့ပါတယ်။
ဆယ်လ်တာဗီဂိုအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ ဂိုက်ဒ်တီက သွင်းယူပေးခဲ့ပါတယ်။
၆၂ မိနစ်မှာ ဆယ်လ်တာဗီဂို ကစားသမား အက်စ်ပက်စ် နှစ်ဝါတနီနဲ့ အထုတ်ခံရအတွက်လည်း ကျန်ပွဲချိန်တွေကို ဆယ်ယောက်တည်းနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။
ရာသီအပိတ် လက်ကျန်ပွဲစဉ် တပွဲစီပဲ ယှဉ်ပြိုင်ဖို့ ကျန်တော့တဲ့အချိန်မှာ ရီးရဲလ်မက်ဒရစ်က ရမှတ် ၉၀ နဲ့ ဒုတိယနေရာက ဘာစီလိုနာကို ၃ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်မှာ ပြန်လည်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ရာသီအပိတ် နောက်ဆုံးပွဲစဉ်အဖြစ် ရီးရဲလ်ဟာ အဝေးကွင်းမှာ မာလာဂါနဲ့၊ ဘာစီလိုနာက အိမ်ကွင်းမှာ အီဘာနဲ့ လာမယ့် မေလ ၂၂ ရက် မနက်အစောပိုင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရီးရဲလ်အနေနဲ့ ရမှတ်တမှတ်ရယူနိုင်တာနဲ့ အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/207164
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment