မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 19, 2017

ဖိလစ်ပိုင်ကို ရှုံးပြီး မြန်မာအမျိုးသမီး ယူ-၁၅ အသင်း ဗိုလ်လုပွဲနှင့် လွဲချော်




မေလ ၁၈ ရက်က ယှဉ်ပြိုင် ကစား ခဲ့တဲ့ အာဆီယံ အမျိုး သမီး ယူ-၁၅ ပြိုင်ပွဲ ဆီမီး ဖိုင်နယ် ပွဲမှာ မြန်မာ အသင်းက ဖိလစ်ပိုင်ကို ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့် ခဲ့လို့ ဗိုလ်လုပွဲနဲ့ လွဲချော် ခဲ့ပါတယ်။

မြန်မာ အမျိုးသမီး ယူ-၁၅ အသင်းဟာ ပွဲအစ ပိုင်းမှာပဲ ဖိလစ်ပိုင် အသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူမှုကို ခွင့်ပြု ခဲ့ရပေမယ့် ပွဲချိန် ၄၇ မိနစ်နဲ့ ၅၂ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုး သွင်းခဲ့ ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်နဲ့ ၇၅ မိနစ်တွေမှာ ဖိလစ်ပိုင်အသင်းကို ၂ ဂိုးဆက်ပေးခဲ့ရလို့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်အမျိုးသမီး ယူ-၁၅ အသင်းဟာ ရေရှည်လေ့ကျင့်ထားတဲ့ အသင်းဖြစ်ပြီး အရပ်အမောင်း၊ ကြံ့ခိုင်မှုနဲ့ ကစားပုံလည်း ကောင်းတဲ့ အသင်း ဖြစ် တာကြောင့် ရှုံးခဲ့ရတာဖြစ်ပြီး ကစားသမားတွေ အကောင်းဆုံး ကြိုးစားကစားခဲ့ကြတယ်လို့ ပွဲအပြီးမှာ မြန်မာနည်းပြ ဒေါ်နုနုခိုင်ဝင်းက ပြောပါတယ်။

တခြားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ထိုင်းအမျိုးသမီး ယူ-၁၅ အသင်းက ကမ္ဘောဒီးယားကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ အမျိုးသမီး ယူ-၁၅ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲနဲ့ တတိယလုပွဲကို မေလ ၂၀ ရက်မှာ ကျင်းပမှာဖြစ်ပြီး တတိယလုပွဲအဖြစ် မြန်မာနဲ့ ကမ္ဘောဒီးယား၊ ဗိုလ်လုပွဲအဖြစ် ထိုင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


ရုပ်သံ – အမ်အက်ဖ်အက်ဖ်

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/207401

No comments:

Post a Comment