မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 19, 2017

လက်စတာကို ဂိုးဒါဇင်ဝက် သွင်းပြီး စပါးစ် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်အဖြစ် လက်ရှိ ချန်ပီယံ လက်စတာနဲ့ တော့တင်ဟမ် ဟော့စပါးစ်တို့ မေလ ၁၈ ရက်က ယှဉ်ပြိုင်ရာ စပါးစ်က ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒီပွဲ အရှုံး အနိုင်က နှစ်သင်းစလုံး အတွက် အရေး မပါတော့ ပေမယ့်လည်း အဓိက ကစားသမားတွေနဲ့ ပွဲထွက် ယှဉ်ပြိုင် ခဲ့ကြပါတယ်။

လက်စတာ ကွင်းမှာ ယှဉ်ပြိုင် ရပေမယ့်လည်း စပါးစ် အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်း အထိ ရခဲ့သလို ထိုးဖောက် ကန်သွင်း ခွင့်မှာလည်း အသာစီး ရခဲ့ပါတယ်။

စပါးစ်ဟာ ပွဲချိန်တလျှောက် တိုက်စစ်ဆင်ကစားခဲ့ပြီး တိုက်စစ်မှူး ဟယ်ရီကိန်းက ၄ ဂိုး၊ ဆွန်ဟောင်မင်က ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။

လက်စတာအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ဘန်ချီဝဲလ်က ပွဲချိန် ၅၉ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် တဦးတည်း လေးဂိုးသွင်းယူပေးခဲ့တဲ့ စပါးစ်တိုက်စစ်မှူး ဟယ်ရီကိန်းကို သတ်မှတ်ခဲ့ပါတယ်။

ဒီပွဲအနိုင်ရတဲ့ စပါးစ်က ရမှတ် ၈၃ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိနေရာမှာပဲ ရပ်တည်နေပြီး လက်စတာကတော့ ၄၃ မှတ်နဲ့ အဆင့် ၁၁ မှာ ရှိနေပါတယ်။

ရာသီအပိတ် နောက်ဆုံးပွဲစဉ်အဖြစ် စပါးစ်က အဝေးကွင်းမှာ ဟားလ်စီးတီးနဲ့ လက်စတာက အိမ်ကွင်းမှာ ဘုန်းမောက်နဲ့ လာမယ့် မေလ ၂၁ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207410


No comments:

Post a Comment