
လာမယ့် ဘောလုံး ရာသီမှာ အာဆင်နယ် အသင်း ချန်ပီယံလိဂ် ဝင်ခွင့် မရတာဟာ အသင်းမှာ ဆက်နေဖို့ အတွက် စဉ်းစား ရမယ့် အချက် တချက် ဖြစ်တယ်လို့ နည်းပြ အာစင်ဝင်းဂါးက ပြောလိုက် ပါတယ်။
အာစင်နယ်ဟာ မနေ့က ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြီးမှာ အဆင့် ၅ နေရာမှာပဲ ရပ်တည်နိုင် ခဲ့ပါတယ်။
ဒါဟာ အာဆင်နယ် အတွက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။
အဆင့် ၅ ပဲ ရတဲ့ အတွက် နည်းပြ အာစင်ဝင်းဂါးရဲ့ အနာဂတ် ဟာလည်း အာဆင်နယ်မှာ ဆက်ရှိဖို့ မသေချာတဲ့ အနေ အထားမှာ ရှိနေပါတယ်။
အသက် ၆၇ နှစ် အရွယ် အာစင်ဝင်းဂါးရဲ့ စာချုပ်ဟာ ဒီနှစ်ဘောလုံးရာသီအဆုံးမှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။
နည်းပြကတော့ လာမယ့် မေ ၂၇ ရက်နေ့ အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်မယ်လို့ ပြောဆိုထားပါတယ်။
သူဟာ အာဆင်နယ်နည်းပြအဖြစ် ၁၉၉၆ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/207953





No comments:
Post a Comment