
မန်ယူ အသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လု ပွဲမှာ တွေ့ဆုံ ရမယ့် အေဂျက်ဇ် အသင်းကို နည်းပြဟောင်း ဗန်ဟားလ်က နည်းစနစ်ပိုင်း ဆိုင်ရာ အကြံပေး မှုတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။
မန်ယူအသင်း အတွက် အက်ဖ်အေ ဖလား ရယူပေး ပြီးနောက် အသင်းက ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ နည်းပြ ဗန်ဟားလ်ဟာ ယခု တစ်ပတ် အတွင်း အေဂျက်ဇ် အသင်း နည်းပြ ပီတာဘော့ဇ်နဲ့ တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။
ဟော်လန်ဘောလုံးနည်းပြတွေရဲ့ နှစ်ပတ်လည်ဆွေးနွေးရှင်းလင်းပွဲမှာ မန်ယူအသင်းနည်းပြဟောင်း ဗန်ဟားလ်နဲ့ အေဂျက်ဇ်နည်းပြ ဘော့ဇ်တို့ တွေ့ဆုံ ခဲ့ကြတလို့ သိရပါတယ်။
လက်ရှိမန်ယူအသင်းနည်းပြ မော်ရင်ဟိုရဲ့ နည်းစနစ်တွေအကြောင်းကို ဗန်ဟားလ်က အသိဆုံးနည်းပြတစ်ဦးဖြစ်တယ်လို့ ပရိသတ်အများစုက ယူဆထား ကြပါတယ်။
မော်ရင်ဟိုဟာ အသင်း မန်နေဂျာ မဖြစ်ခင် တုန်းက ထိပ်သီး နည်းပြ ဗန်ဟားလ်ရဲ့ လက်ထောက် နည်းပြ အဖြစ် အလုပ် လုပ်ခဲ့ ဖူးသူပါ။
မော်ရင်ဟို အကြောင်း ကိုရော မန်ယူအသင်း ပုံစုံကိုပါ ဗန်ဟားလ်က သိနေတဲ့ အတွက် အေဂျက် နည်းပြဘော့ဇ်က ဗန်ဟားလ်နဲ့ ဆွေးနွေး ခဲ့တာ ဖြစ်တယ်လို့ ဗြိတိန် မီဒီယာတွေက ရေးသား ဖော်ပြ ပါတယ်။
မန်ယူနဲ့ အေဂျက်ဇ်အသင်းက လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားကြရမှာ ဖြစ်ပါတယ်။
မန်ယူအသင်းအတွက်တော့ ဒီပွဲက အလွန်အရေးကြီးနေပြီး ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ခွင့်ရမှာ ဖြစ်တဲ့အပြင် နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း ချန်ပီယံဖို့ လိုအပ်နေပါတယ်။ အေဂျက်ဇ်အသင်းကတော့ အမှတ်ပေးဇယား ရပ်တည်မှုအရ ချန်ပီယံ လိဂ်ဝင်ဖို့ သေချာသွားပြီဖြစ်တဲ့အတွက် ယူရိုပါလိဂ် ဖလားချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့သာ တိုက်ပွဲဝင်ရမှာပါ။
From : Duwun by KK
Originally published at - http://www.duwun.com.mm

No comments:
Post a Comment