မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 20, 2017

ဟယ်ရီးကိန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်ကြောင်း စပါးစ် နည်းပြပြော




တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တဦး ဖြစ်တယ်လို့ စပါးစ် အသင်း နည်းပြ ပိုချက်တီနိုက သုံးသပ် ပြောကြား လိုက်ပါတယ်။

အင်္ဂလန် လက်ရွေးစင် ဟယ်ရီကိန်းဟာ လက်စတာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ မှာ ၄ ဂိုး သွင်းယူနိုင် ခဲ့ပြီး ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် သွင်းဂိုး ၂၆ ဂိုးနဲ့ ရပ်တည် နေပါတယ်။

တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ထူးခြားတဲ့ကစားသမားဖြစ်ပြီး စပါးအသင်းကိုလည်း ချစ်မြတ်နိုးတဲ့ ကစာသမားဖြစ်တယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။

စပါးအသင်းအနေနဲ့ ကစားမားတဦးကိုမှ ရောင်းချသွားမှာမဟုတ်ဘဲ ရောင်းချဖြစ်မယ်ဆိုရင်လည်း အသင်းရဲ့ဆန္ဒအရ ရောင်းချတာသာ ဖြစ်လိမ့်မယ်လို့လည်း နည်းပြပိုချက်တီနိုက ပြောပါတယ်။

စပါးကစာသမားတွေဖြစ်တဲ့ နောက်ခံလူ ဝေါ်ကာနဲ့ ဒယ်နီရို့စ်၊ ကွင်းလယ် ကစာသမား အဲရစ်ဒိုင်ယာနဲ့ အယ်လီတို့ကို ထိပ်သီးကလပ်အသင်းတွေက ခေါ်ယူလိုနေတာကြောင့် ပိုချက်တီနိုက အခုလိုပြောကြားလိုက်တာပါ။

အသက် ၂၃ နှစ်ရှိ ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲပဲကျန်ရှိတဲ့ အချိန်မှာ ၂၆ ဂိုးသွင်းထားပြီး ဒုတိယနေရာက အဲဗာတန်တိုက်စစ်မှူး လူကာကူထက် ၂ ဂိုးအသာနဲ့ ရပ်တည်နေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207612

No comments:

Post a Comment