မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 20, 2017

မြန်မာအားကစား အဖွဲ့များ တရုတ်နိုင်ငံတွင် ပူးတွဲ လေ့ကျင့်မည်




တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှာ ပူးတွဲ လေ့ကျင့်ဖို့ သွားရောက်တဲ့ မြန်မာ အားကစား အဖွဲ့ တွေဟာ တရုတ် နည်းပြတွေ၊ အားကစား သမားတွေနဲ့ စတင် လေ့ကျင့် တော့မှာ ဖြစ်ပါတယ်။



၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲမှာ အောင်မြင် မှုတွေ ရရှိဖို့ အတွက် Government to Government အစီ အစဉ် အရ သွားရောက် လေ့ကျင့် မှုတွေ ပြုလုပ် နေတာ ဖြစ်ပြီး တရုတ် နည်းပြနဲ့ ကစားသမား တွေရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာတွေကို လေ့လာ သွားကြ မှာပါ။



ရက် ၉၀ နီးပါး သွားရောက် လေ့ကျင့်မယ့် ကစားနည်းတွေ ကတော့ ရေကူး၊ ကြက်တောင်၊ ဘိုးလင်း၊ လက်ဝှေ့၊ ကျွမ်းဘား၊ သေနတ်ပစ်၊ စားပွဲတင် တင်းနစ်နဲ့ ဘော်လီဘော တို့ ဖြစ်ပြီး ပထမ အသုတ် အဖြစ် ဝူရှူး အားကစား သမား ၁၆ ဦး၊ Fencing အားကစား သမား ၁၃ ဦး၊ အလေးမ အားကစား သမား ၇ ဦးနဲ့ ဘတ် စကက်ဘော ကစားသမား ၁၆ ဦး၊ စုစုပေါင်း ၅၂ ဦး စတင် ထွက်ခွာခဲ့ပြီး မေလ ၂၀ ရက်နေ့မှာ ပြေးခုန်ပစ် အားကစား အဖွဲ့ဟာ တရုတ်နိုင်ငံကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။



တချို့အားကစားတွေ ကတော့ ပူးတွဲလေ့ကျင့်မှု အပြီး မြန်မာနိုင်ငံကို ပြန်လာမှာ ဖြစ်ပေမယ့် တချို့အားကစား နည်းတွေကတော့ တရုတ်နိုင်ငံက တဆင့် မလေးရှား ဆီးဂိမ်းကို တိုက်ရိုက် သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207612

No comments:

Post a Comment