Saturday, May 20, 2017
ပေါ့ဘာ၏စံချိန်တင် ဈေးနှုန်းထက် ပိုပေးရသည့် ကစားသမား ထွက်ပေါ်နိုင်ဟု မော်ရင်ဟို ပြော
လာမယ့် နွေရာသီ အပြောင်း အရွှေ့ဈေးကွက်မှာ ပေါ့ဘာရဲ့ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ ကြေးထက် ပိုပြီး ပေးရတဲ့ ကစားသမားတွေ ထွက်ပေါ် လာနိုင် တယ်လို့ မန်ယူ နည်းပြ မော်ရင်ဟိုက ပြောကြား လိုက်ပါတယ်။
မန်ယူ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်း အရွှေ့တုန်းက ဂျူဗင်တပ်စ် ကွင်းလယ် ကစားသမား ပေါ့ဘာ အတွက် ပေါင် ၈၉ သန်း အသုံးပြုကာ ၀ယ်ယူခဲ့ရပြီး ပြောင်းရွှေ့ကြေး အမြင့်ဆုံး ပေးချေ ခဲ့ရတာ ဖြစ်ပါတယ်။
ပေါ့ဘာ အနေနဲ့ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိ လာတဲ့ အတွက် ဖိအားတွေ ခံစားခဲ့ ရပြီး လာမယ့်နှစ် မှာတော့ အဲဒီ ဖိအားတွေက တခြား ကမ္ဘာ့စံ ချိန်တင် ကစားသမား တဦးထံ ရောက်ရှိ သွားလိမ့်မယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။
ဒါ့အပြင် ပြောင်းရွှေ့ကြေး အမြောက် အမြားပေးချေ ရတဲ့ ကစာသမားတွေရဲ့ ခြေစွမ်းကို လူတိုင်းက အများကြီး မျှော်လင့် ထားကြပြီး ဒီအချက်ဟာ ကစားသမား အတွက် ဖိအားဖြစ်စေ သလို ဘောလုံး သုံးသပ် သူတွေရဲ့ ဝေဖန်မှုတွေ ကလည်း မမျှတ ဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/207606
Subscribe to:
Post Comments (Atom)
No comments:
Post a Comment