
ယူရိုပါလိဂ် ဗိုလ်လု ပွဲမှာ အေဂျက်ဇ် အသင်းကို အနိုင်ရ ပြီးနောက် နည်းပြ မော်ရင်ဟိုနဲ့ သူ့ရဲ့သားဖြစ်သူ ကွင်းအတွင်း ပွေ့ဖက် အောင်ပွဲ ခံတဲ့ ဓာတ်ပုံဟာ လူမှု ကွန်ယက်မှာ ရေပန်း စားလျှက် ရှိပါတယ်။
မန်ယူ အသင်းက ၂-၀ ဂိုးနဲ့ အနိုင် ရနေချိန်မှာ ကွင်းလယ် ဒိုင်လူကြီးက ပွဲသိမ်းခရာ မှုတ်လိုက်ပြီး တဲ့နောက် အသင်း ကစား သမားတွေနဲ့ နည်းပြ အဖွဲ့ဝင်တွေ ဘယ်သူမှ အောင်ပွဲ မခံသေး ခင်မှာ မော်ရင်ဟိုက သူ့ရဲ့သားဖြစ်သူနဲ့ အောင်ပွဲ ခံခဲ့တာ ဖြစ်ပါတယ်။
အသင်း ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် မော်ရင်ဟိုက သားဖြစ်သူနဲ့ ပွေ့ဖက်ကာ မြက်ခင်းပြင်ပေါ် လှဲချပြီး အောင်ပွဲခံ ခဲ့တာပါ။
နည်းပြ မော်ရင်ဟိုက ယူရိုပါလိဂ် ဖလားကို ၂၀၀၃ ခုနှစ်မှာ ပေါ်တို အသင်းနဲ့ အတူ ရယူ ခဲ့ဖူးသူ ဖြစ်ပြီး မန်ယူ အသင်းနည်းပြ ဘဝ ပထမဆုံး ဘောလုံး ရာသီ မှာတင် ဥရောပ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင် ခဲ့တာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ အဆင့်-၆ နဲ့ ရာသီ သိမ်းခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့် မရ ခဲ့ပေမယ့် အခု ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့လို့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစား ရတော့မှာ ဖြစ်ပါတယ်။
ပွဲသိမ်းခရာ မှုတ်ပြီးတာနဲ့ တစ်ပြိုင်နက် နည်းပြ မော်ရင်ဟိုရဲ့ သားဖြစ်သူ ဂျူနီယာ ဟိုဆေးဟာ ဖခင်ထံ ပြေးလာပြီး ပွေ့ဖက် လှဲချခဲ့တာ ဖြစ်ပါတယ်။
BT Sports က အားကစား အစီအစဉ် တင်ဆက်သူ ကတော့ သူ့အနေနဲ့ ပေါ်တိုနဲ့ အတူ မော်ရင်ဟို ချန်ပီယံလိဂ် ဖလား ရပြီးနောက်ပိုင်း ကွင်းထဲမှာ မော်ရင်ဟို ဒီလောက် ပျော်နေတာကို ပထမဆုံး အကြိမ် ပြန်မြင်ဖူးခြင်း ပဲလို့ မှတ်ချက်ပေး ခဲ့ပါတယ်။
မော်ရင်ဟိုကဟာ မန်ယူ နည်းပြဘဝ ပထမဆုံးနှစ်မှာ လိဂ်ဖလား၊ ယူရိုပါလိဂ် ဖလားနဲ့ ကွန်မြူနတီ ဒိုင်းတို့ကို ရရှိခဲ့ပြီး ပါပြီ။
Source : Mirror
From : Duwun by KK
Originally published at - http://www.duwun.com.mm

No comments:
Post a Comment