မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, May 25, 2017

အေဂျက်ကို ၂ ဂိုးပြတ်ဖြင့်နိုင်ပြီး မန်ယူ ယူရိုပါလိဂ် ဖလား ဆွတ်ခူး




ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ယူရိုပါလိဂ် ဗိုလ်လု ပွဲမှာ မန်ယူက အေဂျက် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

ယူရိုပါလိဂ် ဆုဖလားဟာ မန်ယူ အတွက် ဒီနှစ်ထဲမှာ ဒုတိယမြောက် ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။

နည်းပြ မော်ရင်ဟိုဟာ ဒတ်ခ်ျ အသင်းတွေနဲ့ ၇ ပွဲ ဆုံဖူးရာမှာ ပွဲတိုင်း အနိုင်ရတဲ့ စံချိန်ကိုလည်း ထိန်းသိမ်း ထားနိုင် ခဲ့ပါတယ်။

ဒီပွဲ မစခင် မန်ချက်စတာ မြို့မှာ အသေခံ ဗုံးကွဲ မှုကြောင့် လူ ၂၂ ဦး သေဆုံး ခဲ့မှုအတွက် တမိနစ် ငြိမ်သက် ဂုဏ်ပြု ခဲ့ပါတယ်။

မန်ယူက အဓိက ကစားသမား အများစုနဲ့ လူစုံထုတ် ကစား သွားပြီး အေဂျက် ကတော့ လူငယ် အများစုနဲ့ ပွဲထွက် လာတာပါ။

မန်ယူအတွက် ဦးဆောင်ဂိုးကို ဖယ်လိုင်နီရဲ့ ပေးပို့မှု ကနေ ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာက ၁၈ မိနစ်မှာ သွင်းယူ ပါတယ်။

အေဂျက်က ဘောလုံး ပိုင်ဆိုင်မှု အသာရပေမယ့် ထိုးဖောက်ကန်သွင်း ခွင့်မှာတော့ မန်ယူက ပိုရခဲ့ ပါတယ်။

မန်ယူအတွက် ဒုတိယဂိုးကိုတော့ ကွင်းလယ်လူ မစ်ခီတာရန်းက ထပ်ဆင့်သွင်းယူပါတယ်။

ဒီပွဲမှာ မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

မန်ယူအသင်းဟာ ယူရိုပါလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့ အတွက် လာမယ့်နှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို အုပ်စုအဆင့် ကနေ စတင် ယှဉ်ပြိုင်ခွင့် ရရှိ သွားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/208519

No comments:

Post a Comment