မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, May 25, 2017

ဥရောပ ကလပ်အသင်း တသင်းကို ကိုင်တွယ်ရန် ရာနီရေးရီ စိတ်အား ထက်သန်နေ




လက်စတာ နည်းပြဟောင်း ရာနီရေးရီဟာ ဥရောပ ကလပ် အသင်း တသင်းကို ကိုင်တွယ်ဖို့ စိတ်အား ထက်သန် aနတယ်လို့ သိရ ပါတယ်။

အီတလီ နည်းပြ ရာနီရေးရီဟာ လက်စတာ အသင်း နည်းပြ ရာထူးကနေ ထုတ်ပယ် ခံရပြီးနောက် အသင်း လက်မဲ့ ဖြစ်နေ တာပါ။

အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ အင်္ဂလန် ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ကလပ် အသင်း တသင်းကို ကိုင်တွယ် လိုပြီး နောက်ထပ် ကြီးကျယ် ခမ်းနားတဲ့ အောင်မြင်မှုတွေ ရယူဖို့ စိတ်အား ထက်သန် နေတယ်လို့ ရာနီရေးရီက ဆိုပါတယ်။

နည်းပြရာထူး လစ်လပ်နေတဲ့ ပရီးမီးယားလိဂ် ကလပ် ဝက်ဖို့ဒ် အသင်းနဲ့လည်း သတင်း ထွက်နေပေမယ့် ကောလာဟလသာ ဖြစ်တယ်လို့ ရာနီရေးရီက ငြင်းဆို ခဲ့ပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် ကလပ်ဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ် အသင်း ကလည်း နည်းပြ ဆမ်အလာဒိုက်စ်နဲ့ လမ်းခွဲ လိုက်တာကြောင့် နည်းပြ ရာထူး အတွက် ရာနီရေးရီကို ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

အသက် ၆၅ နှစ်ရှိ အီတလီ နည်းပြ ရာနီရေးရီဟာ နာပိုလီ၊ ဗလင်စီယာ၊ အက်သလက်တီကို၊ ချဲလ်ဆီး၊ ဂျူဗင်တပ်စ်၊ ရိုးမား၊ အင်တာမီလန်၊ မိုနာကို အသင်းတွေ အပါအဝင် ကလပ်အသင်း စုစုပေါင်း ၁၅ သင်းကို နည်းပြချုပ် အဖြစ် တာဝန်ယူ ကိုင်တွယ် ခဲ့သူ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/208661

No comments:

Post a Comment