
ဆန်းဒါးလန်း အသင်း တန်းဆင်း ခဲ့ရတဲ့ အတွက် အသင်း နည်းပြ ဒေးဗစ် မိုယက်စ်ဟာ နည်းပြ ရာထူး ကနေ နုတ်ထွက် သွားပါတယ်။
ဒေးဗစ် မိုယက်စ်ဟာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က အသင်း တာဝန် ရှိသူတွေနဲ့ ဆွေးနွေး ခဲ့ပြီး နှစ်ဘက် သဘော တူညီမှုနဲ့ နုတ်ထွက် ခဲ့တာပါ။
ကစား သမားတွေနဲ့ မိမိနေရာ ဆက်ခံမယ့် နည်းပြ အနေနဲ့ အကောင်းဆုံး ခြေစွမ်းနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည် တက်လှမ်းနိုင် ပါစေလို့လည်း ဒေးဗစ်မို ယက်စ်က ဆုတောင်းပေး ခဲ့ပါတယ်။
အဲဗာတန်နဲ့ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက အသင်းမှာဆက်ရှိမယ်လို့ ပြောကြားထားသူဖြစ်ပြီး အသင်းဘုတ်အဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ ကစားသမားဝယ်ယူမှု ပေါ်လစီအပေါ်မှာ ကြိုက်နှစ်သက်ခြင်း မရှိတာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ပြီးဆုံးချိန်မှာ ၆ ပွဲပဲ အနိုင်ရခဲ့ပြီး ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/208331





No comments:
Post a Comment