မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, May 24, 2017

မန်ယူကိုပြောင်းရွှေ့ရန် ၆၀ ရာခိုင်နှုန်း အခွင့်အရေး ရှိဟု ဂရစ်ဇ်မန်း ပြော




မန်ယူ အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အတွက် ၆၀ ရာခိုင်နှုန်း အခွင့် အရေး ရှိနေ တယ်လို့ အက်သလက် တီကို မက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းက ဝန်ခံ ပြောကြား လိုက်ပါတယ်။

မန်ယူ အသင်းကို ပြောင်းရွှေ့ဖို့ များနေပြီး လာမယ့် ၂ ပတ် အတွင်း ဆုံးဖြတ်ချက် ချမှာ ဖြစ်ပေမယ့် ပြောင်းရွှေ့ဖို့ ၆၀ ရာခိုင်နှုန်း အခွင့် အရေး ရှိနေတယ်လို့ ပြင်သစ် တီဗွီတခုနဲ့ အင်တာဗျူးမှာ ဂရစ်ဇ်မန်းက ပြောကြား လိုက်တာပါ။

အသက် ၂၆ နှစ်ရှိ ပြင်သစ်လက်ရွေးစင် ကစားသမား ဂရစ်ဇ်မန်းဟာ ဒီနှစ်ရာသီမှာ အက်သလက်တီကိုအတွက် ၂၆ ဂိုးသွင်းယူပြီး ခြေစွမ်းပြနေတာပါ။

၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး စကာတင်သုံးယောက်စာရင်းမှာလည်း ပါဝင်ခဲ့ပြီး မန်ယူအသင်းက ကာလရှည် စိတ်ဝင်စားနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ ဟော်လန်ကလပ် အေဂျက်နဲ့ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့မယ်ဆိုရင် ဂရစ်ဇ်မန်းအနေနဲ့လည်း သေချာပေါက် ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/208302

No comments:

Post a Comment