
လီဗာပူး အသင်းမှာ ဆက်ကစား ချင်ပေမယ့် သူ့ရဲ့ အနာဂတ်ကို အသင်းက ဆုံးဖြတ်မှာ ဖြစ်တယ်လို့ တိုက်စစ်မှူး စတာရစ်က ပြောကြား လိုက်ပါတယ်။
အသက် ၂၇ နှစ်ရှိ အင်္ဂလန် တိုက်စစ် မှူးဟာ ဒီနှစ်ဘောလုံး ရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန် ခဲ့ရပြီး ဒုတိယ ဦးစားပေး ကစားသမား အနေနဲ့ ဖြတ်သန်း ခဲ့ရတာပါ။
ကွင်းတွင်း စွမ်းဆောင်ရည် တိုးတက်အောင် လုပ်ရမှာက သူ့ရဲ့အလုပ်ဖြစ်ပြီး စာချုပ် သက်တမ်း ကိစ္စကိုတော့ အသင်းက ဆုံးဖြတ်မှာ ဖြစ်တယ်လို့ စတာရစ်က ပြောပါတယ်။
စတာရစ်နဲ့ လီဗာပူးအသင်းတို့ဟာ ၂၀၁၉ အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးတဲ့အတွက် သက်တမ်းတိုးဖို့ ဆွေးနွေးရခြင်း မရှိသေးဘူးလို့လည်း စတာရစ်က ဆိုပါတယ်။
စတာရစ်ဟာ ဒီနှစ်ရာသီမှာ လီဗာပူးအသင်းအတွက် ပွဲ ၂၀ ပဲ ကစားခဲ့ရပြီး ၇ ပွဲပဲ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/208183

No comments:
Post a Comment