
ပုံမှန် ပွဲထွက်ခွင့် ရဖို့ အာမခံချက် မရှိပေမယ့် အသင်း ကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ မန်စီးတီး တိုက်စစ်မှူး အဂွဲရိုးက ပြောကြား လိုက်ပါတယ်။
အဂွဲရိုးဟာ ဘရာဇီး တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ် ရောက်ရှိ လာပြီးနောက်ပိုင်း ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန် ခဲ့ရတာပါ။
ဒီအခြေ အနေကို မန်ယူအသင်း အပါ အဝင် ပီအက်စ်ဂျီ၊ ရီးယဲလ်မက်ဒရစ် အသင်းတို့က စောင့်ကြည့်နေပြီး အဂွဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စား aနတာ ဖြစ်ပါတယ်။
အဂွဲရိုးအနေနဲ့ လူငယ်တိုက်စစ်မှူး ဂျီးဆပ်ရဲ့ ခြေစွမ်းကိုလည်း ချီးကျူးခဲ့ပြီး ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ ဂျီးဆပ်အတွက် ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်စစ်မှူးတဦးအနေနဲ့ အသက်အရွယ်ရလာတဲ့အခါမှာ ငယ်ရွယ်တဲ့ တိုက်စစ်မှူးတွေက ပွဲထွက်ခွင့်နေရာအတွက် ဖိအားပေးမှာဖြစ်ပြီး ပိုကောင်းတဲ့ခြေစွမ်းရနေဖို့ လိုတယ်လို့လည်း အဂွဲရိုးက ပြောပါတယ်။
အဂွဲရိုးအနေနဲ့ မန်စီးတီးအသင်းမှာ ထပ်ပြီး အရန်ခုံထိုင်ရမယ်ဆိုရင်လည်း လက်ခံသွားရမှာဖြစ်ပြီး နည်းပြ ဂွာဒီယိုလာဟာလည်း သူအမြဲတမ်းလေးစားရတဲ့ နည်းပြတဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/205792





No comments:
Post a Comment