မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, June 2, 2017

ကမ္ဘာ့ တန်ဖိုးအရှိဆုံး အသင်းအဖြစ် ရီးယဲလ်ကို ကျော်ဖြတ်ပြီး မန်ယူအသင်း ထိပ်ဆုံးမှ ရပ်တည်




၂၀၁၆-၁၇ ဘောလုံး ရာသီ ယူရိုပါလိဂ် ချန်ပီယံ မန်ယူ အသင်းသည် ယခုနှစ် ကမ္ဘာ့ တန်ဖိုး အရှိဆုံး အသင်း အဖြစ် လာလီဂါ ထိပ်သီး ကလပ် ရီးယဲလ် မက်ဒရစ် အသင်းကို ကျော်ဖြတ်ကာ ထိပ်ဆုံးမှ ရပ်တည်နိုင် ခဲ့ပါတယ်။

အဆိုပါ စစ်တမ်းကို KPMG စာရင်းအင်း ကုမ္ပဏီက ဖော်ပြခဲ့ခြင်း ဖြစ်ပြီး မန်ယူ အသင်းရဲ့တန်ဖိုးမှာ ယူရို (၃) ဘီလီယံခန့်ရှိကာ ဒုတိယ နေရာမှ ရီးယဲလ် အသင်းရဲ့ တန်ဖိုးဟာ ယူရို (၂.၉) ဘီလီယံ ခန့်သာ ရှိခဲ့ ပါတယ်။



KPMG စာရင်းအင်း ကုမ္ပဏီဟာ အဲဒီ အချက် အလက် တွေကို ကလပ် အသင်း တစ်သင်းချင်း စီရဲ့ ဥရောပ အောင်မြင်မှုတွေ၊ ရုပ်သံ ထုတ်လွှင့်မှု ၀င်ငွေ၊ စပွန်ဆာ စာချုပ်တွေရဲ့ ၀င်ငွေတွေကို တွက်ချက် ခဲ့ခြင်း ဖြစ်ပါတယ်။

မန်ယူ အသင်းဟာ အခုနှစ် ရာသီနဲ့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) အတွင်းမ၀င်နိုင် ခဲ့ပေမယ့် ယူရိုပါလိဂ် ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ် ၀င်ခွင့် ရခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် ကထက် ၀င်ငွေ တန်ဖိုး (၇) ရာခိုင်နှုန်း မြင့်တက် လာခဲ့ခြင်း ဖြစ်ပါတယ်။



မန်ယူ အသင်းနဲ့ ရီးယဲလ် အသင်းတို့ ရဲ့နောက် ကမ္ဘာ့ တန်ဖိုး အရှိဆုံး အသင်းအဖြစ် အစဉ်လိုက် ရပ်တည်နေကြတဲ့ ထိပ်တန်း အသင်း (၈) သင်းမှာ –

  1. ဘာစီလိုနာ ယူရို(၂.၇)ဘီလီယံ
  2. ဘိုင်ယန်မြူးနစ် ယူရို(၂.၄)ဘီလီယံ
  3. မန်စီးတီး ယူရို(၁.၉)ဘီလီယံ
  4. အာဆင်နယ် ယူရို(၁.၉)ဘီလီယံ
  5. ချယ်လ်ဆီး ယူရို(၁.၅)ဘီလီယံ
  6. လီဗာပူးလ် ယူရို(၁.၄)ဘီလီယံ
  7. ဂျူဗင်တပ်စ် ယူရို(၁.၂)ဘီလီယံ
  8. စပါး ယူရို(၁)ဘီလီယံ တို့ဖြစ်ကြပါတယ်။



အထက်ပါ ကမ္ဘာ့ တန်ဖိုး အရှိဆုံး အသင်း (၁၀) သင်း စာရင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှ အသင်း (၆) သင်း ပါဝင်ခဲ့ပြီး လာလီဂါမှ (၂) သင်း၊ စီးရီးအေနဲ့ ဘွန်ဒစ် လီဂါ တို့မှ (၁) သင်းစီတာ ပါဝင်ခဲ့ ပါတယ်။

အဆင့် (၁၀) မှာ ရပ်တည်နေတဲ့ စပါး အသင်းဟာ ကမ္ဘာ့ တန်ဖိုး အရှိဆုံး ထိပ်တန်း (၁၀) စာရင်းမှာ ပထမဆုံး အကြိမ် ပါဝင် လာခဲ့ခြင်း ဖြစ်ပြီး သူတို့ရဲ့ လျင်မြန်တဲ့ အောင်မြင်မှုကို အင်္ဂလန် မီဒီယာတွေက ချီးကျူးနေ ကြပါတယ်။

M2T(Shwemom)

Source ; Goal

From : SHWEMOM by Myo Min Htun

Originally published at - http://www.shwemom.com


No comments:

Post a Comment