မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 24, 2017

နောက်ခံ ကစားသမား ထရစ်ပီယာကို ၅ နှစ်သက်တမ်း တိုးရန် စပါး ကမ်းလှမ်း




စပါး အသင်းဟာ ညာနောက်ခံ ကစားသမား ထရစ် ပီယာကို ၅ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်း လိုက်ပါတယ်။

ဒါကြောင့် ညာနောက်ခံလူ ကိုင်လီဝေါ်ကာကို အသင်းက ရောင်းထုတ်ဖို့ သေချာသ လောက် ဖြစ်စေ ခဲ့ပါတယ်။

အသက်၂၆ နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ထရစ်ပီယာဟာ ပြီးခဲ့တဲ့ ရာသီက စပါးအသင်းမှာ ၂၂ ပွဲအထိ ပွဲထွက်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့သူပါ။

စပါးအသင်းအနေနဲ့ နောက်ထပ် ညာနောက်ခံကစားသမား ဝေါ်ကာကို ရောင်းချသွားမှာဖြစ်ပြီး မန်စီးတီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် စပါးအသင်းက ဝေါ်ကာအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ ထက် များတဲ့ဈေး အလိုရှိနေတာကြောင့် ပြောင်းရွှေ့ကြေးဆွေးနွေးမှုမှာ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

စပါးအသင်းဟာ ဝေါ်ကာကို ရောင်းချခဲ့မယ်ဆိုရင် ပေါ်တိုနောက်ခံလူ ရီကာဒို ပါရဲယားကို ခေါ်ယူဖို့လည်း ပြင်ဆင်ထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214138

No comments:

Post a Comment