
ချဲလ်ဆီး အသင်းမှာ ကစား ခဲ့တဲ့ အချိန် ကထက် ခြေစွမ်း ပိုမို တိုးတက် လာတယ်လို့ လီဗာပူး ကစား သမားသစ် မိုဟာမက် ဆာလက်ခ်ျက ပြောပါတယ်။
တောင်ပံ ကစား သမား ဆာလက်ခ်ျဟာ ၂၀၁၄ ခုနှစ်က ချဲလ်ဆီး အသင်းမှာ ကစား ခဲ့ပြီး ပုံမှန် ပွဲထွက်ခွင့် မရ တာကြောင့် ဖီအိုရင်တီးနားနဲ့ ရိုးမား အသင်းတွေမှာ အငှားချခြင်း ခံခဲ့ရ ပါတယ်။
လက်ရှိ အချိန်မှာတော့ ပြီးခဲ့တဲ့ လေးနှစ် ကထက် အသက် ပိုကြီး လာသလို ပြိုင်ပွဲ အတွေ့ အကြုံတွေနဲ့ ခြေစွမ်းတွေလည်း ပိုမို တိုးတက် လာတယ်လို့ ဆာလက်ခ်ျက ဆိုပါတယ်။
ဒါ့အပြင် လီဗာပူးအသင်းနဲ့ အတူ ဆုဖလားတွေ ရရှိအောင် အစွမ်းကုန် ကြိုး စား သွားမယ်လို့လည်း ဆာလက်ခ်ျက ပြောပါတယ်။
စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၉ သန်းနဲ့ ခေါ်ယူလိုက်တဲ့ ဆာလက်ခ်ျကို လီဗာပူးအသင်းက နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ပြီး လုပ်ခလစာ အဖြစ် တစ်ပတ်ပေါင် ကိုးသောင်းပေးချေ မှာပါ။
ဆာလက်ခ်ျအနေနဲ့ အသင်းဖော် ဖေမီနိုရဲ့ ကျောနံပါတ် ၁၁ ကို ၀တ်ဆင်မှာဖြစ်ပြီး ဖေမီနိုကတော့ တိုက်စစ်မှူးဟောင်း ဘန်တီကီ နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ နံပါတ် ၉ ဂျာစီကို ပြောင်းလဲ ၀တ်ဆင်သွားမှာပါ။
အသက် ၂၅ နှစ်ရှိ အီဂျစ်လက်ရွေးစင် ဆာလက်ခ်ျဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းအတွက် ၄၁ ပွဲမှာ ၁၉ ဂိုးသွင်းပြီး ၁၂ ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/214155

No comments:
Post a Comment