မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, June 5, 2017

ပြည်နယ်နှင့် တိုင်း အမျိုးသား /သမီး လူငယ် aဘာလုံးပြိုင်ပွဲကို ၁၅ ရက်ကြာ ကျင်းပမည်




ရန်ကုန်၊ ဇွန် ၅ ။ ။ မြန်မာ နိုင်ငံ aဘာလုံး အဖွဲ့ချုပ် နှင့် 100PLUSတို့ ဦးစီးပြီး ပြည်နယ်နှင့် တိုင်း လူငယ် ဘောလုံး ပြိုင်ပွဲများကို ဇွန်လ ၂၁ ရက်မှ ဇူလိုင် ၅ ရက် အထိ မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတု ကွင်းတွင် ကျင်းပမည်ဟု သိရသည်။

ပြိုင်ပွဲဝင် များသည် ပညာရေး ဝန်ကြီးဌာနနှင့် အခြေခံ ပညာ ဦးစီးဌာန လက်အောက်ရှိ ကျောင်းများမှ အသက်၁၃ နှစ်မှ ၁၅နှစ် အထိ ကျောင်းသား /ကျောင်းသူများ ဖြစ်သည်။

"ဒီပြိုင်ပွဲက ဘောလုံးလောကရဲ့ လူငယ် မျိုးဆက်သစ်တွေ ပေါ်ထွန်းလာပြီး မြန်မာဘောလုံး လောကကို အထောက်အကူဖြစ်စေဖို့ ပညာရေး ဝန်ကြီးဌာန အခြေခံ ပညာ ဦးစီးဌာနတို့က ရွေးချယ် ဖွဲ့စည်း ထားတဲ့ ပြိုင်ပွဲဝင် အသင်းတွေကို ဖိတ်ခေါ်ပြီး ရန်ကုန်မှာ ပြိုင်ပွဲ ကျင်းပရတာ"ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် CEO ဦးဘုန်းနိုင်ဇော်က ပြောသည်။

ပြိုင်ပွဲကို နံနက်၈နာရီမှ ညနေ၄နာရီထိ တစ်ရက်၂ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုဖလားရရှိသည့်အသင်းကို ဆုငွေကျပ် ၁၀သိန်း၊ ဒုတိယကို ဆုငွေကျပ် ၅သိန်း၊ တတိယနှင့် စတုတ္ထအသင်းကို ဆုငွေ၃သိန်းနှင့် ဆုတံဆိပ်များ အသီးသီး ချီးမြင့်မည်ဟုလည်းသိရသည်။

ပြိုင်ပွဲတွင် အသင်းပေါင်း ၁၇သင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ပဲခူး၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း (အရှေ့)၊ ရှမ်း (မြောက်)၊ ရှမ်း (တောင်) စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပါဝင်မည်ဖြစ်သည်။

From : မဇ္ဈိမ မီဒီယာ by သိင်္ဂီဝင်း

Originally published at - http://www.mizzimaburmese.com/article/27781

No comments:

Post a Comment