
ကစားသမား ဝယ်ယူခွင့် ပိတ်ပင် ခံထား ရတဲ့ အသင်းရဲ့ အခြေ အနေကြောင့် အသင်း ajပာင်းရွှေ့ aတာ့မှာ မဟုတ် ဘူးလို့ အက်သလက် တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောကြား လိုက်ပါတယ်။
စပိန် ကလပ် အက်သလက် တီကို အသင်းဟာ လူငယ် ကစားသမား ခေါ်ယူ ရာမှာ စည်းမျဉ်း စည်းကမ်းနဲ့ မညီတာကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က အပြောင်း အရွှေ့မှာ ကစားသမား ဝယ်ယူခွင့် ပိတ်ပင်တဲ့ jပစ်ဒဏ် ချမှတ် ထားတာပါ။
ဒီလိုအခြေအနေကြောင့် အသင်းပြောင်းရွှေ့ဖြစ်မယ်ဆိုရင် အသင်းအတွက် အခက်အခဲဖြစ်နိုင်လို့ အသင်းပြောင်းဖို့ ကြိုးစားတော့မှာ မဟုတ်ဘူးလို့ ဂရစ်ဇ်မန်းက ဆိုပါတယ်။
ဂရစ်ဇ်မန်းအနေနဲ့ ပြီးခဲ့တဲ့အပတ်က မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ ၆၀ ရာခိုင်နှုန်းလောက်အထိ သေချာတယ်လို့ ပြောဆိုခဲ့ဖူးတာပါ။
အက်သလက်တီကိုအသင်းအနေနဲ့ အပြောင်းအရွှေ့ပိတ်ပင်တဲ့ ပြစ်ဒဏ်ကိုလည်း အယူခံဝင်သွားမယ်လို့ သိရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/210732





No comments:
Post a Comment