မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, June 6, 2017

ခြေချင်းဝတ် ဒဏ်ရာကြောင့် ဟာဇက် ၈ ပတ်ခန့် အနားယူ ရမည်




ဘယ်လ်ဂျီယံ လက်ရွေးစင် ဟာဇက်ဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် တွေမှာ ခြေချင်းဝတ် ဒဏ်ရာ ရခဲ့ တာကြောင့် ၆ ပတ်ကနေ ၈ ပတ် လောက်ထိ အနားယူ ရပါ တော့မယ်။

ဘယ်လ်ဂျီယံ အသင်းဟာ ချက်၊ အက်စ်တိုး နီးယားတို့နဲ့ ယှဉ်ပြိုင် ကစားဖို့ ရှိနေတာ ဖြစ်ပြီး ဟာဇက် ဒဏ်ရာ ရသွားတာကြောင့် အဲဒီ ပွဲတွေကို လွဲချော် တော့မှာပါ။

အသက် ၂၆ နှစ်ရှိ ဟာဇက်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဟာဇက်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးတဲ့အတွက် အသင်းအပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့ ဟာဇက်က ပြောပါတယ်။

ဟာဇက်အနေနဲ့ သူ့ရဲ့ ခြေချင်းဝတ်ဒဏ်ရာကို ဆက်လက်စစ်ဆေးရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/210732

No comments:

Post a Comment