မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 3, 2015

ဗီယက်နမ် အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်း လူစာရင်း ထုတ်ပြန်



ဗီယက်နမ် ဖိတ်ခေါ် ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင် နေသည့် မြန်မာ ယူ-၂၀ အမျိုးသမီး အသင်း (ဓာတ်ပုံ-ရွှေဘုတ်)

ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ဗီယက်နမ် အမျိုးသမီးဖိတ်ခေါ် ယူ-၂၁ ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်း လူစာရင်း အပြီးသတ်ကစားသမား ၂၁ဦးကို ရွေးချယ်ထုတ်ပြန်လိုက်သည်။

ဗီယက်နမ်ဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ ၄ရက်တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာ ယူ-၂၀ အသင်းအပါအ၀င် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ ဖိလစ်ပိုင်ကလပ် FEU အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ဗီယက်နမ် အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲကို လေးသင်းပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အမှတ်အများဆုံးအသင်းကို ဗိုလ်စွဲမည် ဖြစ်သည်။ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်ပြီး နည်းစနစ်အကြံပေးအဖြစ် ဦးအေးမောင်ကြီးနှင့် လက်ထောက်နည်းပြ အဖြစ် ဒေါ်စန်းစန်းဝင်း တို့က ဆောင်ရွက် သွားမည် ဖြစ်သည်။

မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းကို လက်ရွေးစင်အသင်း၊ ယူ-၁၉ အသင်းနှင့် မြ၀တီအမျိုးသမီးကလပ်အသင်းတို့မှ အသက်မီသည့် ကစားသမားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မြန်မာ ယူ-၂၀ အသင်း၏ ပွဲစဉ်များမှာ နိုဝင်ဘာ ၄ ရက်တွင် ဖိလစ်ပိုင်ကလပ် FEU အသင်း၊ နိုဝင်ဘာ ၆ ရက်တွင် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် နိုဝင်ဘာ ၈ ရက်တွင် ဟိုချီမင်းစီးတီး အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်း လူစာရင်း

ဂိုး မေဇင်နွယ်၊ ခင်သီတာအေး၊ ငယ်ငယ်ထွေး

နောက်တန်း ခင်သန်းဝေ၊ ငယ်ငယ်ထွေး၊ ဇင်မာထွန်း၊ ငုဝါသဲ၊ လဲ့လဲ့လိုင်၊ ခင်ပြည့်လင်း၊ အေးအေးမိုး

အလယ်တန်း ရူပါခိုင်၊ မေစံပါယ်ဖူး၊ အိရတနာဖြိုး၊ ခင်မိုမိုထွန်း၊ အေးမျိုးမြတ်၊ သင်းသင်းယု

ရှေ့တန်း ဝင်းသိင်္ဂီထွန်း၊မေသူကျော်၊ လှယဉ်ဝင်း၊ နီလာဝင်း၊ ဂျူလိုင်ကျော်

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/6866

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment