မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 2, 2015

ကမ္ဘာ့ အကောင်းဆုံးဆု ဆန်ခါတင် စာရင်းတွင် စီရော်နယ်ဒို မပါဝင်သင့်ဟု နေမာ ယုံကြည်




ဘာစီလိုနာ၊ ဒီဇင်ဘာ ၂

ဘာစီလိုနာ တိုက်စစ်မှူး နေမာက ၂၀၁၅ ခုနှစ် အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားဆု ဆန်ခါတင်သုံးဦး စာရင်းတွင် ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒို မပါဝင် သင့်ဟု ယုံကြည် လျက်ရှိသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန် ခဲ့သော ဖီဖာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားဆု ဆန်ခါတင် သုံးဦးစာရင်းတွင် နေမာသည် မက်ဆီ၊ စီရော်နယ်ဒိုတို့နှင့် အတူ ပထမဆုံး အကြိမ် ပါဝင် လာသူဖြစ်သည်။

စီရော်နယ်ဒိုနှင့် မက်ဆီတို့မှာမူ ရှစ်နှစ် ဆက်တိုက် ဆန်ခါတင် စာရင်းတွင် ပါဝင်နေသူ များဖြစ်သည်။

'ကျွန်တော် ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆု ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့လို့ ပျော်ပါတယ်။ မက်ဆီက ဒီဆုကို ရပါ လိ့မ်မယ်။ ကျွန်တော့် အတွက်တော့ သူက အကောင်းဆုံး ကစား သမားပါပဲ' ဟု နေမာက ပြောသည်။

မက်ဆီမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆုကို လေးကြိမ် ရရှိထား သူဖြစ်ပြီး စီရော်နယ်ဒိုမှာ သုံးကြိမ် ရရှိထားသည်။ ပြီးခဲ့သည့် ရာသီက စီရော်နယ်ဒိုမှာ ၎င်း၏ ကစားသမား ဘ၀ တစ်လျှောက် တစ်ရာသီ အတွင်း ဂိုးအများဆုံး (၆၁ ဂိုး) အထိ သွင်းယူနိုင် ခဲ့သော်လည်း ဆုဖလားအောင်မြင်မှု မရှိသည့် အတွက် မက်ဆီကသာ ငါးကြိမ်မြောက် ဆုရရှိရန် ရေပန်း စားနေသည်။

'ဒီဆုကို မက်ဆီပဲ ရမှာပါ။ သူက နံပါတ်ဝမ်းလေ။ တကယ်တော့ ဆန်ခါတင် စာရင်းမှာ မက်ဆီရယ်၊ ကျွန်တော်ရယ် ဆွာရက်ဇ်ရယ်ပဲ ဖြစ်သင့် ပါတယ်' ဟု နေမာက ပြောဆိုခဲ့သည်။

Ref: Daily Mail

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/8013

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment