မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

Sturridge နဲ့ Henderson တို့ ပြန်ကစားနိုင်ခြင်းက အသင်းကို ပိုကောင်း လာစေမယ်




လီဗာပူးလ် အသင်းမှာ အဓိက ကစား သမားတွေ ဖြစ်တဲ့ Daniel Sturridge နဲ့ Jordan Henderson တို့ဟာ ဒဏ်ရာ ပြဿနာ သက်သာ လာပြီး ပြန်ကစားနိုင် လာတာကြောင့် အသင်းဟာ လက်ရှိ အခြေ အနေထက် ကောင်းမွန်တဲ့ အခြေအနေ တွေပဲ ဖြစ်ပေါ် လာမှာပါလို့ အသင်းမှာ ခြေစွမ်းပြ နေတဲ့ လူငယ် ကစားသမား Jordon Ibe က ပြောပါတယ်။

အသင်းကို လွှမ်းမိုးနိုင်တဲ့ အဲ့ဒီ ကစားသမား နှစ်ယောက်ဟာ ဆွမ်ဆီး အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင် ကစားနိုင်ခဲ့ပြီး အသင်းရဲ့ အခြေအနေ တွေက ပိုတိုးတက် လာဖို့သာ ရှိတော့ တယ်လို့ Ibe က ထင်နေတာပါ။

အသင်းခေါင်းဆောင် Henderson ကတော့ သြဂုတ်လ တည်းက ခြေဖနောင့်နဲ့ ခြေထောက် ဒဏ်ရာ တွေကြောင့် မကစားနိုင်ခဲ့ဘဲ Sturridge ကတော့ ဒူးဒဏ်ရာ ကြောင့် အသင်းရဲ့ ပွဲစဉ် ကိုးပွဲကို လွဲချော် ခဲ့တာပါ။

Liverpool Echo နဲ့ အင်တာဗျူး မှာတော့ Ibe က " သူတို့နှစ်ယောက် ပြန်ကစားနိုင်တာက အသင်းကို တစ်ဆင့်မြှင့် သွားစေ သလိုပါပဲ။ သူတို့က ကွင်းထဲ မှာလည်း ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမား တွေပါ။

ကစားသမားကောင်းတွေကို ပြန်ရတော့မှာ ဖြစ်တာကြောင့် အသင်းက ပိုကောင်း လာပါလိမ့်မယ်။ Coutinho ကလည်း ပြန် ကစားနိုင် တော့မှာ ဖြစ်တာကြောင့် အတိုင်းထက် အလွန်ပါပဲ။

အခုအချိန်မှာ ဘာမဆိုဖြစ် သွားနိုင် ပါသေးတယ်။ ပြိုင်ပွဲ တိုင်းမှာ အကောင်းဆုံး ကြိုးစားပြီး ဒီနေ့ညမှလည်း အကောင်းဆုံး လုပ်ပြနိုင်အောင် ကြိုးစားပါမယ် " လို့ ပြောပါတယ်။


လီဗာပူးလ် အသင်းဟာ ဆွမ်ဆီး အသင်းနဲ့ ပွဲစဉ်မှာတော့ အကောင်းဆုံး ပုံစံတစ်ခုကို မရခဲ့ဘဲ Milner ရဲ့ ပင်နယ်တီ သွင်းဂိုး တစ်ဂိုးတည်းနဲ့ အနိုင်ရ ခဲ့ပြီး ဆွမ်ဆီး နည်းပြ Ggarry Monk ကို ဖိအားတွေ ပိုတိုးစေ ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီအပတ်မှာ အသင်းကြီးအများစု အမှတ်တွေ ဆုံးရှုံးခဲ့တာကြောင့် လီဗာပူးလ်ရဲ့ နိုင်ပွဲက အဖိုးတန်ခဲ့ပြီး ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ခြောက်မှတ်သာ ကွာဟတော့တာလည်းဖြစ်ပါတယ်။

" သုံးပွဲဆက် အနိုင်ကြောင့် ပျော်ခဲ့ရ သလို လေးပွဲဆက် အနိုင်ကိုလည်း ထပ်ယူနိုင် အုံးမယ်လို့ ထင်ပါတယ်။ ဆွမ်ဆီး အသင်းဆီကကျွန်တော်တို့ ဘောလုံးရဖို့ အရမ်း ခက်ခဲခဲ့ ပါတယ်။

နည်းပြကတော့ သူများအသင်းကို အာရုံမစိုက်ခိုင်းဘဲနဲ့ ကိုယ့်အသင်းပေါ်မှာ အာရုံစိုက်ပြီး တည်ငြိမ်မှုကို ရယူခိုင်းပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲကို အနိုင်ရဖို့ကိုသာ ထိန်းသိမ်းခိုင်းထားပြီး အနိုင်သုံးမှတ်ရဖို့ကိုပဲ စဉ်းစားခိုင်းထားပါတယ်။

ကျွန်တော်ကတော့ နိုင်ပွဲကြောင့် အရမ်းပျော်ခဲ့ပြီး ဇယားထိပ်ပိုင်းကို တက်လာနိုင်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ဖိုပဲ အာရုံစိုက်ထားပါတယ် " လို့ Ibe က ထပ်ပြောခဲ့ပါတယ်။

အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ Gerrard ကတော့ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းမှာ လီဗာပူးလ်အသင်းသားတွေနဲ့အတူ လေ့ကျင့်ရေးဆင်းခဲ့ပြီး နည်းပြ Klopp နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Ref : Dailymail

Original link - http://sports.thithtoolwin.com/2015/12/sturridge-henderson-jordon-ibe.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment