
သက်တမ်း အလိုက်ပြိုင်ပွဲ များတွင် အသက်လိမ် ထားသော မြန်မာ ဘောလုံး ကစားသမား များကို တွေ့ရှိပါက ပွဲပယ် ပြစ်ဒဏ်များ ချမှတ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆိုသည်။
"ကျွန်တော်တို့က ၂၀၁၉ ဖီဖာ ယူ-၁၇ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အသက် ၁၇ နှစ်အောက်ပြိုင်ပွဲတွေမှာ ဓာတ်မှန်ရိုက်ပြီး စစ်တတ်ပါတယ်။
ဒါကြောင့် ကိုယ့်အသင်းမှာ အသက်ကျော် ကစားသမားတွေ ပါဝင်နေတယ် ဆိုရင် ဘောလုံး အသင်းသာမက နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကိုပါ ထိခိုက်စေ ပါတယ်။ ဒါ့ကြောင့် ကစားသမား တွေကို ရွေးချယ် ကတည်းက သေချာ စိစစ်ရွေးချယ်ဖို့ လိုပါတယ်" ဟု ၎င်းက ပြောသည်။
ကစားသမားများ၏ အသက် မှန်ကန်ရေးနှင့် ပတ်သက်၍ စတင် ရွေးချယ်ချိန် ကတည်းက မှန်မှန် ကန်ကန် ရွေးချယ်စေချင်ကြောင်း၊ ကစားသမားများ၏ မိဘများ အနေနှင့်လည်း ကစားသမားများ အတွက် အသက် အမှန်အကန် ကိုသာ ပြသစေ လိုကြောင်း၊ သက်တမ်း အလိုက် ပြိုင်ပွဲများတွင် အသက်လိမ်ပြီး ကစားခဲ့သည်ကို တွေ့ရှိခဲ့ ပါက ခြောက်လ၊ တစ်နှစ် အစရှိသည့် ပွဲပယ် ပြစ်ဒဏ်များ ချမှတ် သွားမည်ဖြစ်ကြောင်း ဦးဇော်ဇော်က ဆိုသည်။
The Voice Weekly
Originally published at - https://www.facebook.com/thevoiceweekly

No comments:
Post a Comment