မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 23, 2015

၎ နှစ်ခန့် ဖီဖာ အိပ်ပျော်နေဟု ပလာတီနီ ပြော




ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ရဲ့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ၄ နှစ်နီးပါး အိပ်ပျော် နေတယ်လို့ တားမြစ် ခံထားရတဲ့ ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီက ပြောပါတယ်။

ပလာတီနီနဲ့ ဖီဖာ ဥက္ကဋ္ဌ ဆပ်ဘလတ္တာတို့ဟာ ၂၀၁၁ ခုနှစ်က ဆောင်ရွက် ခဲ့တဲ့ ပေါင် ၁ ဒသမ ၃ သန်း ငွေကြေး ကိစ္စ အတွက် ဘောလုံးလောက ကနေ ၈ နှစ် တားမြစ် ခံထား ရပါတယ်။

၂ ဦးစလုံးက ဒီကိစ္စ အပေါ် အယူခံ ၀င်ဖို့လည်း ရှိနေပါတယ်။

၂၀၁၁ ခုနှစ် ငွေကြေးတွေပေးတုန်းက စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဘာလုပ်နေသလဲ၊ အိပ်ပျော်နေသလားလို့ ပလာတီနီက မေးခွန်းထုတ်လိုက်ပါတယ်။

အေအက်ဖ်ပီသတင်းဌာနနဲ့ အင်တာဗျူးမှာ အသက် ၆၀ ရှိ ပလာတီနီက အခုမှ နိုးလာသလို ဥက္ကဋ္ဌနေရာအတွက် အရွေးချယ်ခံမယ့်နှစ်မှ နိုးလာတာ အံ့သြစရာကောင်းတယ်လို့ ပြောပါတယ်။

၂၀၀၇ ခုနှစ်ကတည်းက ပလာတီနီဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်နေသလို ဖီဖာရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/127974


No comments:

Post a Comment