ဘိုင်ယန် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို လာမည့် ရာသီ တွင် စာချုပ် ကုန်တော့မည့် ပီ အက်စ်ဂျီ တိုက်စစ်မှူး အီဘရာ ဟီမိုဗစ် aနရာတွင် အစားထိုးရန် ယူရိုသန်း ၁၀၀ ခန့်ဖြင့် ခေါ်ယူရန် စီစဉ်နေသည်။
စပိန်အေအက်စ် သတင်းက ပြင်သစ် L”Equipe ကို ကိုးကား၍ ပီအက်စ်ဂျီ အသင်းပိုင်ရှင် များသည် ပိုလန် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို အီဘရာဟီ မိုဗစ်နေ ရာတွင် အစားထိုးရန် အကောင်းဆုံး aရွးချယ်မှု အဖြစ် သတ်မှတ် ထားပြီး ပိုလန် သတင်းစာများ ကလည်း ၎င်းကို ယူရို သန်း ၈၀ အထက်ဖြင့် ခေါ်လျှင် ဘိုင်ယန်မှ ထွက်ခွာနိုင်ကြောင်း ဆိုသည်။
သို့သော် ပီအက်စ်ဂျီသည် လီဝမ်ဒေါစကီးကို ရရှိရေး မန်ယူ၊ရီးရဲလ်တို့နှင့် ပြိုင်ဆိုင်ရဖွယ်ရှိ ပြီး ၎င်း၏ လက်ရှိလစာ တစ်နှစ်ယူရို ကိုးသန်းကိုမူ ထိုအသင်းများ က မပေးနိုင်ကြောင်းဆိုသည်။
‘‘ပီအက်စ်ဂျီက စိတ်ဝင်စား တယ်ကြားရလို့ ကျွန်တော် တုန်လှုပ်မိပါတယ်’’ဟု လီဝမ်ဒေါစကီးက မကြာမီက ဂျာမန်သတင်းစာ Telefoot အား ပြောခဲ့သည်။
ရီးရဲလ်မှာမူ ပီအက်စ်ဂျီ၊ မန်ယူတို့နှင့် အပြိုင် ၎င်းကို ရလိုပါက အပြောင်းအရွှေ့ပိတ်ပင်မှုပြစ် ဒဏ်သက်ရောက်မည့် ဇန်နဝါရီ ၂၉ ရက်မတိုင်မီ အမြန်ခေါ်ရမည်ဖြစ်ကာ မလွယ်ကူကြောင်း သတင်းကသုံးသပ်သည်။
—Ref:AS
Originally published at - http://www.7daydaily.com/story/56372
No comments:
Post a Comment