မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 24, 2016

၂၀၁၆ AFC Cup အုပ်စု ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက် အသင်း တောင်တရုတ် အသင်းကို အနိုင်ရ



ရန်ကုန်အသင်းနှင့် တောင်တရုတ် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားနေစဉ် (ဓာတ်ပုံ - ရွှေဘုတ် / Mizzima)

၂၀၁၆ AFC Cup အုပ်စု (ဆ) ပွဲစဉ် တစ်ပွဲ ဖြစ်သည့် မြန်မာ နေရှင်နယ်လိဂ် ကလပ် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ဟောင်ကောင် ကလပ် တောင်တရုတ် အသင်းတို့ ဖေဖော်ဝါရီ ၂၄ ရက် (ယနေ့) ညနေ ၄း၀၀ သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင် ကစားကြရာ ရန်ကုန် အသင်းက မာဆယ်လို၊ ကျော်ကိုကို တို့၏ သွင်းဂိုး များကြောင့် ၂-၁ ဖြင့် အနိုင် ရခဲ့သည်။

ကတ်စမီရို (ဟောင်ကောင် ကလပ် တောင်တရုတ် အသင်းနည်းပြ)

" ဒီပွဲက နှစ်သင်းလုံး အတွက် ခက်ခက်ခဲခဲ ကစားရတဲ့ ပွဲတစ်ပွဲပါ။ ဒုတိယပိုင်း အသင်းက ခြေစွမ်းကောင်းပြီး ဖိအားပေးနိုင် ပေမယ့် ဂိုးမဖန်တီး နိုင်ခဲ့ဘူး။ ရန်ကုန်အသင်းက ရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင် ခဲ့လို့ ကျွန်တော်တို့ ရှုံးနိမ့် ခဲ့ရတာပါ။ "

မာယန် (ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်)

" အနိုင်ရလဒ် ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ အတွက် ကစားသမားတွေကို ချီးကျူး ဂုဏ်ပြု လိုပါတယ်။ ဒီပွဲက အသင်းရဲ့ စိတ်ဓာတ်ကောင်းကို ပြသနိုင်တဲ့ ပွဲ တစ်ပွဲပါပဲ။ AFC Cup မှာ တစ်ပွဲပဲ ကစားရသေးတဲ့ အတွက် အုပ်စုတက်ဖို့ တစ်ပွဲချင်း နောက်ပွဲတွေ ကိုလည်း အကောင်းဆုံး ပြင်ဆင် သွားပါမယ်။ "

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/11605


No comments:

Post a Comment