ဓာတ်ပုံ - ရိုက်တာ
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) က ထိုင်းဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ၀ိုရာဝီ မာကူဒီကို အရေးယူတဲ့ အနေနဲ့ ဘောလုံး လောကနဲ့ ၃ လ မပတ်သက်ဖို့ တားမြစ် လိုက်ပါတယ်။
ဖီဖာရဲ့ အုပ်ချုပ်မှု အဖွဲ့က သဘော တူညီချက် စည်းကမ်း တွေကို ဖောက်ဖျက်ကြောင်း တွေ့ရှိတဲ့ အတွက် အရေး ယူတာ ဖြစ်ပါတယ်။
ထိုင်းဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း မာကူဒီဟာ ဖီဖာရဲ့ အမှုဆောင် ကော်မတီဝင် တဦး ဖြစ်ခဲ့ဖူး ပါတယ်။
ဖီဖာက သူ့ကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာမှုနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ စွပ်စွဲခံခဲ့ရအပြီး အရေးယူလိုက်တာပါ။
အသက် ၆၄ နှစ်အရွယ် မာကူဒီဟာ ၃ လ ပြစ်ဒဏ်အပြင် ဒဏ်ငွေအနေနဲ့ ပေါင် ၂၀၀၀ ကျော် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက် အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ရာမှာ မသာမာမှုတွေ ရှိတယ်လို့ စွပ်စွဲခံထားရပြီး အဲဒီအချိန်တုန်းက မာကူဒီဟာ ဖီဖာအမှုဆောင် ကော်မတီဝင် တဦးအနေနဲ့ ကိုယ်တိုင် မဲပေးခဲ့ရသူ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/136517
No comments:
Post a Comment