ဖေဖော်ဝါရီ ၂၁ ရက် ညက ယှဉ်ပြိုင် သွားတဲ့ အသင်းကြီး ၂ သင်း ထိပ်တိုက် တွေ့တဲ့ အက်ဖ်အေဖလား ပဉ္စမ အဆင့် ပွဲစဉ်မှာ ချဲလ်ဆီးက မန်စီးတီးကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
မန်စီးတီးက ပွဲမစခင် ကတည်းက နည်းပြပြောတဲ့ အတိုင်းပဲ ချန်ပီယံလိဂ်ကို ဦးစားပေးတဲ့ အတွက် ဒီပွဲမှာ အရန် ကစားသမား အများစုကို ထုတ်သုံး သွားပါတယ်။
ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို ၃၅ မိနစ်မှာ ကော်စတာက သွင်းယူပါတယ်။
ချဲလ်ဆီး ဦးဆောင်ဂိုးသွင်းယူပြီး ၂ မိနစ်အကြာမှာပဲ မန်စီးတီးက ချေပဂိုး ပြန်ရသွားပါတယ်။
အိမ်ရှင် ချဲလ်ဆီးအတွက် ဒုတိယဂိုးကို ၄၈ မိနစ်မှာ ၀ီလျံစ်၊ တတိယဂိုးကို ၅၃ မိနစ်မှာ ကာဟေးက သွင်းယူပါတယ်။
ပွဲချိန်အတော်များများ ချဲလ်ဆီးကပဲ တဘက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ကန်သွင်းခွင့် ၁၉ ကြိမ်အထိ ရခဲ့ပါတယ်။
ချဲလ်ဆီးအတွက် စတုတ္ထဂိုးကို ၆၇ မိနစ်မှာ ဟာဇက်နဲ့ အပိတ်ဂိုးကို ၈၉ မိနစ်မှာ ထရာအိုနီက သွင်းယူပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ချဲလ်ဆီးကွင်းလယ်ကစားသမား ဟာဇက်က သတ်မှတ်ခြင်း ခံရပါတယ်။
ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ အဲဗာတန်နဲ့ ဆုံတွေ့ရမှာပါ။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/136308
No comments:
Post a Comment