
ဖေဖော်ဝါရီ ၂၄ ရက် ညနေက ရန်ကုန် သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့ အေအက်ဖ်စီ ဖလား ဘောလုံး ပြိုင်ပွဲ အုပ်စု ဂျီ အဖွင့် ပွဲစဉ်မှာ ရန်ကုန် ယူနိုက်တက်က အိမ်ကွင်းမှာ ဟောင်ကောင် တောင်တရုတ် ကလပ် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဟောင်ကောင်ကလပ် အသင်းက ပွဲချိန် ၁၅ မိနစ်မှာ ပယ်နယ်တီ ရပြီး ဦးဆောင်ဂိုး သွင်းနိုင် ခဲ့ပေမယ့် ၄ မိနစ် အကြာမှာ ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုက ချေပဂိုး သွင်းယူ ပေးနိုင်ခဲ့ ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး မကြာခင် ပွဲချိန် ၄၈ မိနစ်မှာ ရန်ကုန်ယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးကို ဘရားဇီးသား မာဆယ်လို ဖာနန်ဒတ်စ်က သွင်းယူပေး ခဲ့ပါတယ်။
ပွဲချိန် ၅၄ မိနစ်မှာ ရန်အောင်ကျော် အနီကတ်ပြ အထုတ်ခံ ခဲ့ရပေမယ့် ရန်ကုန်ယူနိုက်တက် အသင်းက ကျန်တဲ့ အချိန် နာရီဝက်ကျော်ကို ၁၀ ယောက်နဲ့ အနိုင် ရလဒ်ကို ထိန်းကစား သွားနိုင်ခဲ့တာပါ။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/136889

No comments:
Post a Comment