![]() |
Football Soccer - England v Wales - EURO 2016 - Group B - Stade Bollaert-Delelis, Lens, France - 16/6/16 England's Wayne Rooney shoots at goal REUTERS/Lee Smith Livepic |
အင်္ဂလန် အသင်းဟာ မှော်ဆန်တဲ့ လုပ်ရပ်တွေကို လုပ်နိုင်စွမ်း ရှိတယ်လို့ တိုက်စစ်မှူး ရွန်နီက ပြောဆို လိုက်ပါတယ်။
ယူရိုပြိုင်ပွဲ ရှုံးထွက် အဆင့်မှာ အင်္ဂလန် အသင်းဟာ အိုက်စလန်နဲ့ ယှဉ်ပြိုင် ရမှာပါ။ အသင်း aခါင်းဆောင် ရွန်နီကတော့ အင်္ဂလန် အနေနဲ့ ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်စွမ်း ရှိတယ်လို့ ယူဆ နေပါတယ်။
ကွာတားဖိုင်နယ်အဆင့်လောက်အထိပဲ ရောက်ဖို့ ပြောနေတာ မဟုတ်ဘဲ အဲဒီထက် ပိုလိမ့်မယ်လို့ ယုံကြည်ကြောင်း တိုက်စစ်မှူးက ပြောပါတယ်။
ယူရို ၂၀၁၆ ပြိုင်ပွဲဟာ အသက် ၃၀ အရွယ် ရွန်နီအတွက်တော့ ၆ ကြိမ်မြောက် ကစားရတဲ့ နိုင်ငံတကာအဆင့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ရှုံးထွက်အဆင့်မှာ အိုက်စလန်ကို အနိုင်ရရင် ကွာတားဖိုင်နယ်မှာ ပြင်သစ် ဒါမှမဟုတ် အိုင်ယာလန် ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/156305

No comments:
Post a Comment