မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 1, 2016

ယူရို၂၀၁၆ မိတ်ဆက် - ရေပန်း သိပ်မစားသည့် အီတလီအသင်း




ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲ တိုင်းမှာ အမြဲတမ်း ရေပန်းစားတဲ့ ထိပ်တန်း အသင်း အဖြစ် တစ်ပေး ခံရတဲ့ အီတလီ အသင်းဟာ အခု ယူရို ၂၀၁၆ မှာတော့ မျက်နှာသစ် ကစားသမား တွေလည်း ပါဝင် လာပြီး ဗိုလ်စွဲဖို့ ရေပန်းစားမှု အရင်တုန်း ကလောက် သိပ်မရှိတာ တွေ့မြင်နေ ရပါတယ်။

အီတလီဟာ အုပ်စု အီး မှာ ဘယ်ဂျီယံ၊ ဆွီဒင်၊ အိုက်ယာလန်တို့နဲ့ အတူကျရောက်နေပြီး အုပ်စုကျပ်တယ်လို့ ပြောနိုင်ပါတယ်။ အီတလီဟာ ခြေစစ်ပွဲတွေမှာတုန်းကလည်း ခရိုအေးရှား၊ နော်ဝေ၊ ဘူလ်ဂေးရီးယား၊ အဇာဘိုင်ဂျန်၊ မော်လ်တာတို့နဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စု ပထမ နေရာကနေ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။

အီတလီအသင်းဟာ အရင်က ထိပ်တန်းကစားသမားတွေ အစဉ်အဆက် ထွက်ပေါ်ခဲ့ပေမယ့် ဒီဘက်နှစ်ပိုင်းတွေမှာ စီးရီးအေရဲ့ ကျဆင်းမှုတွေကြောင့် မျိုးဆက်ပြတ်လပ်မှု ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ အီတလီအသင်းမှာ ချီယယ်လီနီ၊ ဘိုနူချီ အစရှိတဲ့ ၀ါရင့်ကစားသမားတွေရှိတဲ့ ခံစစ်ပိုင်းက ကျစ်လျစ်ပေမယ့် တိုက်စစ်ပိုင်းကတော့ အားပျော့နေနိုင်ပါတယ်။

နည်းပြနေရာမှာတော့ ဂျူဗင်တပ်စ်အသင်းနဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အန်တိုနီကွန်တီက တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲပြီးရင် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့တော့မယ့် ကွန်တီရဲ့ အီတလီအသင်းဟာ နည်းစနစ်ပိုင်းကြွယ်ဝပြီး မာကျောတဲ့ ခံစစ်ကြောင့် မထင်မှတ်ဘဲ အောင်မြင်မှုရရှိနိုင်တဲ့ အသင်းတသင်းပါ။

ဥရောပမှာတော့ အီတလီအသင်းဟာ ကမ္ဘာ့ဖလား လေးကြိမ်ဗိုလ်စွဲဖူးတဲ့ အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ယူရိုချန်ပီယံအဖြစ်တော့ ၁၉၆၈ ခုနှစ်က ရောမမြို့မှာ ယူဂိုဆလားဗီးယားကို နိုင်ပြီး တခါပဲ ဗိုလ်စွဲဖူးပါတယ်။

အီတလီဟာ ပြိုင်ပွဲအစပိုင်းမှာ အထနှေးတတ်ပေမယ့် ပြိုင်ပွဲတိုင်းလိုလိုမှာ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေအထိ တက်လှမ်းနိုင်တဲ့ အစဉ်အလာကို ဆက်ထိန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။


နောက်ဆုံးထုတ်ပြန်လူစာရင်း


ဂိုး- ဘူဖွန်(ဂျူဗီ)၊ မာချက်တီ(လာဇီယို)၊ ဆီရီဂူ(ပီအက်စ်ဂျီ)

နောက်တန်း- ဘာဇာဂလီ(ဂျူဗီ)၊ ဘိုနူချီ(ဂျူဗီ)၊ ချီရယ်လီနီ(ဂျူဗီ)၊ အန်ဂျလိုအော့ဘွန်နာ(၀က်စ်ဟမ်း)

တောင်ပံ- ဘာနာဒက်စ်ချီ(ဖီအိုရန်တီးနား)၊ ကန်ဒရီဗာ(လာဇီယို)၊ ဒါမီယန်(မန်ယူ)၊ ဒီစီဂလီရို(မီလန်)၊ အယ်လ်ရှာဝီ(ရိုးမား)

အလယ်တန်း- ဒီရော့စီ(ရိုးမား)၊ ဖလိုရန်ဇီ(ရိုးမား)၊ ဂီရာချာရီနီ(ဘိုလော့ဂ်နာ)၊ မော့တာ(ပီအက်စ်ဂျီ)၊ ပါရိုလို(လာဇီယို)၊ စတူရာရို (ဂျူဗင်တပ်)၊

ရှေ့တန်း-အီဒါ(အင်တာမီလန်)၊ကိုင်ရိုအမ်မိုဘီလီ(တိုရီနို)၊ အင်ဆစ်ဂနီ(နာပိုလီ)၊ ပယ်လီ(ဆောက်သမ်တန်)၊ ဆိုင်မွန်ဇာဇာ(ဂျူဗီ)၊

အုပ်စုပွဲစဉ်
  1. ဇွန် ၁၄ အီတလီ- ဘယ်လ်ဂျီယံ
  2. ဇွန် ၁၇ အီတလီ- ဆွီဒင်
  3. ဇွန် ၂၃ အီတလီ-အိုင်ယာလန်

by DVB

Originally published at - http://burmese.dvb.no/archives/152708

No comments:

Post a Comment