Monday, August 8, 2016
ဂျူဗင်တပ်ကွင်းလယ်လူ ပေါ့ဘာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မန်ယူ ခေါ်
ဂျူဗင်တပ် ကွင်းလယ် ကစားသမား ပေါ့ဘာဟာ အပြောင်း အရွှေ့ အတွက် ဆေးစစ်မှု ခံယူဖို့ မန်ယူ အသင်းကို သြဂုတ် ၈ ရက်က ရောက်ရှိ လာပါတယ်။
မန်ယူက ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာ အတွက် ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းပေးပြီး ခေါ်ယူ ထားတာပါ။
ပေါ့ဘာရဲ့ ခြေစွမ်းပြမှု အပေါ် မူတည်ပြီး မန်ယူက ယူရို ၁၀၅ သန်း အထိ ဂျူဗင်တပ်အသင်းကို ပေးချေ ရမှာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ် အရွယ် ကွင်းလယ် ကစား သမားဟာ မန်ယူ ကစား သမားဟောင်း တဦးဖြစ်ပြီး ၂၀၁၂ မှာ ပေါင် ၁ သန်းခွဲနဲ့ ဂျူဗင်တပ်ကို ရောက်ရှိ ခဲ့တာပါ။
အပြောင်း အရွှေ့ အတွက် ပုဂ္ဂိုလ်ရေး သဘော တူညီချက်တွေ ရဖို့ မန်ယူ အသင်းနဲ့ ပေါ့ဘာတို့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။
သူဟာ ပြင်သစ် လက်ရွေးစင် အသင်းကို ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲ အထိ ရောက်အောင် ကူညီ ထားပါတယ်။
ပေါ့ဘာဟာ ဂျူဗင်တပ် အသင်းနဲ့အတူ စီးရီးအေ ချန်ပီယံဆု ၄ နှစ် ဆက်တိုက် ရယူ ထားပါတယ်။
ဓာတ်ပုံ - Getty Images
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162802
Subscribe to:
Post Comments (Atom)
No comments:
Post a Comment