မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, August 29, 2016

မြန်မာ ယူ ၁၉ အသင်း ထိုင်းအသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်




KBZ Bank U19 Cup 2016 ပြိုင်‌ပွဲ တတိယ‌ နေရာလုပွဲ ပင်နယ်တီ အဆုံး အဖြတ်မှာ ထိုင်း အသင်းက မြန်‌မာ ယူ ၁၉ အသင်းကို အနိုင်ရ သွားပါတယ်။ ပွဲကစား ချိန် မိနစ် ၉၀ အထိ တဖက် ၁ ဂိုးစီနဲ့ သရေ ကျနေလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရ ပါတယ်။

ပင်‌နယ်‌တီကန်‌သွင်းရာမှာ မြန်‌မာအသင်းက ပင်‌နယ်‌တီ ၃ လုံးထိလွဲ‌ချော်‌ခဲ့ပြီး ထိုင်းအသင်းက ပင်‌နယ်‌တီ ၂ လုံးလွဲ‌ချော်‌ခဲ့ပါတယ်‌။ ဒါ့‌ကြောင့်ပွဲအပြီးမှာ ထိုင်းအသင်းက တတိယဆုကို ဆွတ်‌ခူးသွားနိုင်‌ခဲ့ပြီး‌တော့ မြန်‌မာအသင်းက‌တော့ ‌လေးနိုင်‌ငံယှဉ်‌ပြိုင်‌တာမှာ အဆင့် ၄ ‌နေရာမှာပဲ ရပ်‌တည်‌နိုင်‌ခဲ့ပါတယ်‌။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ‌တော့ မြန်‌မာယူ ၁၉ အသင်းနည်းပြချုပ်‌ဦးမျိုးလှိုင်‌၀င်းက သူတို့ အသင်းအ‌နေနဲ့ တပွဲမနဲ့တပွဲ ယုံကြည်‌ချက်‌‌တွေ နားလည်‌မှု‌တွေမြင့်တက်‌လာခဲ့‌ပေမယ့် ရှုံးနိမ့်ခဲ့တဲ့အတွက်‌ စိတ်‌မ‌ကောင်းဘူးလို့‌ ပြောပါတယ်‌။‌

ထိုင်းအသင်းရဲ့နည်းပြချုပ်‌က‌တော့ ဒီပွဲစီစဉ်‌တဲ့သူ‌တွေ‌ရော ကျန်‌အသင်း‌တွေကို‌ရော ‌ကျေးဇူးတင်‌ ပြီး‌တော့ အခုပွဲမှာ ထိုင်းကစားသမားအချို့ ကျူးလွန်‌ခဲ့တာနဲ့ပတ်‌သတ်‌လို့ အသင်းသား‌တွေ ကိုယ်‌စား‌ တောင်းပန်‌တယ်‌လို့‌ပြောပါတယ်‌။

ဒီဗွီဘီ by လျှမ်းလူ

Originally published at - http://burmese.dvb.no/archives/165985

No comments:

Post a Comment