
၂၀၁၈ ကမ္ဘာ့ဖလား အတွက် အာရှဇုန် အုပ်စု ဘီ ခြေစစ် ပွဲစဉ် အဖြစ် ထိုင်းနဲ့ ဂျပန်တို့ စက်တင်ဘာ ၆ ရက် ညနေက ယှဉ်ပြိုင်ရာ ဂျပန်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
အုပ်စု ဘီ အဖွင့်ပွဲ မှာတုန်းက ဂျပန် အသင်းဟာ ယူအေအီးကို ရှုံးထားလို့ ဒီပွဲမှာ အနိုင်ရအောင် ဖိဖိစီးစီး ယှဉ်ပြိုင် သွားပါတယ်။
ဂျပန် အတွက် ဦးဆောင်ဂိုးကို ၁၈ မိနစ်မှာ ဟာရာဂူချီက ခေါင်းတိုက် သွင်းယူ ပါတယ်။
ဒီပွဲမှာ ဂျပန်အသင်းရဲ့ ထိုးဖောက်ကန်သွင်းချက်တွေကို ထိုင်းအသင်းက ခံစစ်အားပြုပြီး ယှဉ်ပြိုင်သွားပါတယ်။
ထိုင်းအသင်း တချက်တချက်မှာ အခွင့်အရေးရပေမယ့် အသုံးမချနိုင်လို့ ချေပဂိုးနဲ့ လွဲနေရတာပါ။
ပွဲပြီးခါနီးမှာလည်း ထိုင်းကစားသမားတဦး နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါသေးတယ်။
ဂျပန်အတွက် ဒုတိယဂိုးကိုတော့ အာဆာနိုက ၇၅ မိနစ်မှာ သွင်းယူပါတယ်။
ပွဲအပြီးမှာ ဂျပန်နည်းပြကတော့ ပထမဆုံး နိုင်ပွဲရတာဟာ အသင်းအတွက် အရေးကြီးကြောင်း ပြောဆိုသွားပါတယ်။
ဒီပွဲနိုင်လို့ ဂျပန်အသင်းက ၃ မှတ်ရပြီး အုပ်စု ဘီ ရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167356

No comments:
Post a Comment