
တော့တင်ဟမ် ဟော့စပါး အသင်းက ကွင်းလယ် ကစား သမား အဲရစ်ဆင်ကို စာချုပ်သစ် ထပ်မံ ချုပ်ဆို လိုက်ပါတယ်။
စာချုပ် သစ်ကြောင့် အဲရစ်ဆင်ဟာ စပါး အသင်းမှာ ၂၀၂၀ အထိ ရှိနေမှာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ် ဒိန်းမတ် လက်ရွေး စင်ဟာ ၂၀၁၃ မှာ ဟော်လန် ကလပ် အေဂျက် ကနေ စပါးကို ပြောင်းလာတာပါ။
သူဟာ စပါးအတွက် ၁၃၄ ပွဲ ကစားပေးထားပါတယ်။
အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီတုန်းက အသင်းအတွက် ၈ ဂိုး သွင်းယူထားပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167362





No comments:
Post a Comment