
တနင်္ဂနွေနေ့ ညက စပိန် လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာက အနိုင်ရပြီး ရီရဲလ်မက်ဒရစ် သရေကျ သွားပါတယ်။ ဘာကာက အဝေးကွင်းမှာ စပို့တင်း ဂျီဂျွန်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရ သွားတာပါ။
ဘာကာ အတွက် အနိုင် ဂိုးတွေကို ဆွာရက်၊ ရာဖင်ဟာ၊ နေမာနဲ့ တူရန်တို့က အသီးသီး သွင်းယူ ပါတယ်။
ဒီပွဲမှာ ဘာကာက တိုက်စစ်မှူး မက်ဆီ မပါဘဲနဲ့ ယှဉ်ပြိုင်သွားပါတယ်။ ဒီပွဲမှာ ဘာစီလိုနာကပဲ တဖက်သတ် ထိမ်းချုပ် ကစားနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။
ဒီနိုင်ပွဲတဲ့ ဘာကာက ၁၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။ ပြိုင်ဖက် ရီရဲလ်မက်ဒရစ်ကတော့ အဝေးကွင်းမှာ လက်စ် ပယ်မက်စ်ကို ၂ ဂိုးစီနဲ့ သရေ ကျသွားပါတယ်။
ရီရဲလ်က ဦးဆောင်ဂိုးတွေ သွင်းနိုင်ပြီးမှ ပယ်မက်စ်အသင်းက နောက်ကနေ လိုက်ကစားပြီး ချေပဂိုးတွေ ရခဲ့တာပါ။ ရီရဲလ်က လူစုံထုတ် ကစားသွားပြီး ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့တာပါ။
ဒီပွဲ သရေကျပေမယ့် ရီရဲလ်မက်ဒရစ်က ၁၄ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ဒုတိယနေရာက ဘာကာကို ၁ မှတ် ဖြတ်ထားဆဲ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169790

No comments:
Post a Comment