မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, September 26, 2016

မြန်မာဘောလုံးအသင်း ဆီးဂိမ်းတွင် အောင်မြင်မှုရရေး ကျပ်သိန်း ၅၀၀၀ ကျော် အကုန်ခံ ပြင်ဆင်မည်




မြန်မာ ဘောလုံး အသင်းဟာ မလေးရှား ဆီးဂိမ်းပြိုင်ပွဲမှာ အောင်မြင်မှု ရဖို့ အတွက် ကျပ်သိန်း ၅၀၀၀ ကျော် အကုန်ကျ ခံပြီး ပြင်ဆင် လေ့ကျင့် သွားမယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်း ကျင်းပမယ့် မလေးရှား ဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာ ယူ ၂၂ အသင်းတွေ ၀င်ရောက် ယှဉ်ပြိုင် ရမှာဖြစ်ပြီး မြန်မာ အသင်းအနေနဲ့ ဗိုလ်လုပွဲ အထိရောက်ဖို့ မျှော်မှန်း ထားတယ်လို့ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

မြန်မာ ယူ ၂၂ အသင်းကို နည်းပြချုပ် အဖြစ် ဦးကြည်လွင်က တာဝန်ယူ ကိုင်တွယ် သွားမှာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁၀ ရက်မှာ လေ့ကျင့်မှုတွေ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

မြန်မာ ယူ ၂၂ အသင်းကို ယူ ၂၀ ကမ္ဘာ့ဖလား ၀င်ပြိုင်ခဲ့တဲ့ အသင်းက ကစားသမား အများစုနဲ့ ဖွဲ့စည်းသွားမှာဖြစ်ပြီး နိုဝင်ဘာလအတွင်းမှာ ဗီယက်နမ် ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ၀င်ပြိုင်မှာဖြစ်သလို လာမယ့် ၂၀၁၇ ခုနှစ်မှာလည်း လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမှာပါ။

မြန်မာ ယူ ၂၂ အသင်းဟာ လာမယ့် ၂၀၁၇ ခုနှစ် မေလနဲ့ မတ်လအတွင်းမှာ မလေးရှား ယူ ၂၂၊ တရုတ်ယူ ၂၂ အသင်းတွေနဲ့ ခြေစမ်းမှာဖြစ်ပြီး ဂျပန်နိုင်ငံ မှာလည်း ၁၀ ရက်ကြာ သွားရောက် လေ့ကျင့်မှာ ဖြစ်ပါတယ်။

From :

Originally published at - http://burmese.dvb.no/archives/169839

No comments:

Post a Comment