
ဝတ်ဖို့ဒ် တိုက်စစ်မှူး ဒီနေးကို အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ် သင့်တယ်လို့ အသင်း နည်းပြ မက်ဇာရီက ပြောဆို လိုက်ပါတယ်။
အသက် ၂၈ နှစ်ရှိ ၀တ်ဖို့ဒ် အသင်း ခေါင်းဆောင် ဒီနေးဟာ ၀က်စ်ဟမ်း၊ မန်ယူ အသင်းတွေနဲ့ ပွဲတွေမှာ နှစ်ပွဲဆက် ဂိုးသွင်းပြီး ခြေစွမ်းပြ နေတာကြောင့် အင်္ဂလန် အသင်းမှာ ရွေးချယ်ဖို့ ထိုက်တန် တယ်လို့ ၀တ်ဖို့ဒ် နည်းပြက ထောက်ခံ ပြောကြား လိုက်တာပါ။
အင်္ဂလန် လက်ရွေးစင် အသင်းမှာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာ ရနေတာကြောင့် တိုက်စစ်မှူးသစ် တဦး ရွေးချယ် ခံရဖွယ် ရှိနေတာပါ။
အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်စ်ဟာ မော်လ်တာ၊ ဆလိုဗေးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင် ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် အသင်း လူစာရင်းကို လာမယ့် ၁ ပတ် အတွင်း ထုတ်ပြန် ပေးမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169839

No comments:
Post a Comment