
မန်စီးတီး ကွင်းလယ် ကစားသမား ကီဗင် ဒီဘရိုင်းဟာ ဒဏ်ရာ ရသွားတဲ့ အတွက် ဆေးစစ်မှု ခံယူ ရတော့မှာ ဖြစ်ပါတယ်။
ဒီဘရိုင်းဟာ မန်စီးတီးက ဆွမ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တာပါ။
အသက် ၂၅ နှစ် အရွယ် ဘယ်ဂျီယံ ကွင်းလယ် ကစား သမားဟာ ဒဏ်ရာကြောင့် ၈၁ မိနစ်မှာ လူစား လဲတာ ခံခဲ့ရ ပါတယ်။
နည်းပြ ဂွာဒီယိုလာကတော့ ကစားသမားရဲ့ ဒဏ်ရာအခြေအနေက ဘယ်လောက်အထိ ဆိုးဝါးသလဲဆိုတာကို မသိဘူး၊ ဒါပေမယ့် သူ အသင်းအတွက် အရေးကြီးတဲ့ ကစားသမား တယောက်ပါလို့ ပြောပါတယ်။
မန်စီးတီးဟာ လာမယ့် စက်တင်ဘာ ၂၈ ရက်နေ့မှာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဆဲလ်တစ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
စီးတီးဟာ လောလောဆယ် ပရီးမီးယားလိဂ်မှာ ၆ ပွဲကစား ၆ ပွဲလုံးနိုင်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169871

No comments:
Post a Comment